" ဆောနူ ၊ဟေ့ကောင် ဆောနူ ၊ ဆောနူ ...."
" ဘာလဲကွာ "
နောက်ကကျွန်တော့်နာမည်အားမထူးမချင်းခေါ်နေသောကောင်ကြောင့် နားငြီးလာလေသည်။
" မင်းဘာအချိုး ချိုးတာလဲ "
" ငါကဘာလုပ်နေလို့လဲ "
" မင်းကားပေါ်မှာ ငါပြောတာကိုအရေးမစိုက်တာလေ "
အော် လက်စသတ်တော့ကားပေါ်ကကိစ္စကိုဒီကောင်မကျေမချမ်းဖြစ်နေရှာတာပဲ အဟက်။
" ငါ့ဘာငါနောက်ဆင်းမထိုင်ချင်လို့မထိုင်တာလေ၊အဲ့တာဘာဖြစ်လဲ "
" မင်းစီးတာငါ့ကားနော်၊နိုရာရှေ့မှာအားနာလို့ဘာမှထပ်မပြောတာကိုအဟုတ်မှတ်မနေနဲ့ "
" ငါ့မှာကားမရှိသေးသရွေ့အဲ့ကားကိုမင်းတစ်ယောက်တည်းမပိုင်ဘူးနော်၊အပိုတွေလာပြောမနေနဲ့ "
" တောက် "
တက်ခေါက်ကာ ဆောင်းဟွန်းဘာမှဆက်မပြောတော့ချေ။ဟုတ်လဲဟုတ်သည်လေ ကားမောင်းလို့မရသေးတဲ့ဆောနူသည် သူ့ကားကိုတစ်ဝက်ပိုင်သည်ပြောရမည်။မေမေကသူကားမမောင်းတတ်သေးသရွေ့ ဆောနူအားကျွန်တော့်ကားနောက်သာလိုက်စီးစေသည်။ဒီကောင်မြန်မြန်အသက်ပြည့်ပီးကားမောင်းတတ်မှပဲ အလုပ်ကိုရှုပ်တယ်။
အိမ်ထဲ ဒေါကြီးမောကြီးဝင်လာသော ဆောင်းဟွန်းအား ဒေါ်ဆောင်းသဇင်ကြည့်နေမိသည်။သားကြီးကတော့သူမအားတစ်ချက်ပဲကြည့်ကာအိမ်ပေါ်သို့တက်သွားလေသည်။
" သားငယ် ဘာဖြစ်လာကြပြန်ပြီလဲ "
နောက်တွင် ကျန်ရစ်သော ဆောနူကိုသာမေးရတော့သည်။
" ဘာမှမဖြစ်ဘူး မေမေ၊ဒီတိုင်းသားတို့စကားနိုင်လုလာတာ "
အမြဲရန်ဖြစ်ပြီးသတ်နေတဲ့နှစ်ယောက်ဆိုတော့လည်း၊မေမေကယုံသွားသည်ထင်။သက်ပြင်းလေးအသာချကာ ဖြစ်ရမယ်ဟုသာပြောလာတော့သည်။
" ဟုတ်ပါပြီ သားလည်းနားတော့ "
" ဟုတ် မေမေ "
****
" ဆောနူ "
နောက်မှခေါ်သံကြောင့်ဆောနူလှည့်ကြည့်လိုက်မိသည်။