နေ့လည်ခင်းလည်းဖြစ်တာမို့ ဒေါ်ဆောင်းသဇင်အိမ်မှဆိုင်သို့သွားရန်ပြင်ဆင်နေလေသည်။သူမပိုးထည်တိုက်လေးကိုတစ်ပတ်တစ်ခါမှသာသွားဖြစ်သည်။ဆိုင်တွင်ဝန်ထမ်းကောင်မလေးတွေကိုသာတာဝန်ပေးထားဖြစ်သည်။သူမကတစ်ပတ်တစ်ခါမှဆိုင်ကိုသွားကြည့်ဖြစ်ကာအိမ်မှာသာအိမ်မှုကိစ္စအတွက်သူမကတာဝန်ယူသည်။ထို့ကြောင့် သူမအိမ်တွင်အိမ်အကူမလိုပေ။
" မေမေဆိုင်သွားအုံးမယ်နော် အိမ်မှာနေပြီးနှစ်ယောက်သားရန်ဖြစ်မနေနဲ့အုံး၊ ကြားကြလား "
" ဟုတ်မေမေ "
" ဟုတ်မေမေလုပ်မနေနဲ့ ရှင့်ကိုပဲစိတ်မချတာ ကလေးကိုသွားသွားမစနဲ့နော် သားကြီး "
ဟုတ်မေမေဟုဆိုကာလိမ္မာချင်ယောင်ဆောင်နေသော ဆောင်းဟွန်းအား ဒေါ်ဆောင်းသဇင် သတိပေးလိုက်သည်။
" မေမေကလဲ သားကိုပဲပြောနေတာပဲ မေမေ့သားကျ အကြီးကိုပြန်ပြန်ပြောနေတာကို "
ဆူဆူပုတ်ပုတ်မျက်နှာလေးလုပ်ကာပြန်တိုင်နေသော ဆောင်းဟွန်းအား ဒေါ်ဆောင်းသဇင်လက်ခါပြကာ
" တော်စမ်းတော်စမ်း ငါ့ကိုအဲ့မျက်နှာကြီးလုပ်ပြမနေနဲ့ ဟုတ်တာလဲမဟုတ်ဘဲနဲ့ ကလေးကိုသာသွားမစနဲ့ ရန်ဖြစ်တယ်ဆိုတဲ့အသံမကြားချင်ဘူးနော် သားကြီး "
" မေမေ ဆိုင်သွားတော့မှာလား "
အခန်းထဲမှာစာလုပ်နေသော ဆောနူသည် အိမ်ထဲမှပြေးထွက်လာကာ ဒေါ်ဆောင်းသဇင်အားလာနှုတ်ဆက်လေသည်။
" ဟုတ်တယ် သားငယ် ဘာမှာမလို့လဲ "
" မေမေကသားကိုကျဘာမှာအုံးမလဲမမေးဘူး "
ဆောင်းဟွန်း မေမေ့အားတမင်တကာဂျစ်တိုက်လိုက်သည် ။
" ကဲ ဒီကောင်လးနှယ် ဘာတွေကပ်တွက်နေပြန်ပြီတုန်း၊မှာချင်ရင်မှာလို့ရနေတာကို၊သားငယ်ကပြေးဆင်းလာလို့ဘာမှာမလဲလို့မေးတာလေ"
ဆောနူကတော့ ဆောင်းဟွန်းအားမကျေနပ်သောအကြည့်ဖြင့်ကြည့်နေလေသည်။ဒီကောင်တမင်တကာဂျစ်တိုက်နေတာအသိသာကြီး။
ဆောင်းဟွန်းကတော့နှုတ်ခမ်းဆူနေလေသည်။မေမေကသူ့အား ဆောနူလောက်မချစ်ပါ။