27

724 73 0
                                    

" မင်းကဘာကောင်လဲ "

နိုရာနဲ့ဆောနူ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာအံ့ဩစွာမှင်သက်နေစဉ် လူရမ်းကားသုံးယောက်ထဲမှတစ်ယောက်က ဆောနူအားဘုတော တောတော့သည်။

" မင်းတို့ကရော မိန်းကလေးတစ်ယောက်ကိုဘာကိစ္စဆွဲလားရမ်းလားလုပ်နေကြတာလဲ "

" မင်းနဲ့မဆိုင်ဘူး ကိုယ့်လမ်းကိုယ်သွား "

သုံးယောက်ထဲမှ လူရည်ခပ်သန့်သန်နဲ့လူက ဆောနူအားဝင်မပါရန်ပြောလာသည်။ကျန်နှစ်ယောက်ကတော့ မနိုရာရဲ့ လက်နှစ်ဖက်ကိုဆွဲကိုင်ထားကြသည်။

" ဝင်မပါလို့ရမလားကွ မင်းတို့လုပ်ရက်က လူ့ကျင့်ဝတ်နဲ့မညီဘူးနော် "

" ဒါ ငါ့ရည်စား သမီးရည်းစားချင်းရန်ဖြစ်တာမင်းနဲ့ဘာဆိုင်လဲ "

မနိုရာကို ဆောနူလှမ်းကြည့်လိုက်တော့ခေါင်းခါပြလာသည်။
မနိုရာရဲ့မျက်နှာမှာလည်းကြောက်ရွံမှုတို့အထင်းသား။

" သမီးရည်းစားဆိုရင်တောင် မိန်းကလေးဖက်ကအလိုတူနေတာမျိုးမှမဟုတ်တာ "

" မင်းစောက်ရစ်တွေရှည်မနေဘဲ ကိုယ့်လမ်းကိုယ်သွားစမ်းပါကွာ "

" မနိုရာပါမှ ငါသွားနိုင်မယ် "

" နင်က ဒီကောင်နဲ့ပါဇာတ်လမ်းရှိနေတာပေါ့ ဟုတ်လား "

ဆောနူကို ပြောနေသူက မနိုရာဘက်လှည့်ကာ ဒေါသတကြီးအော်ငေါက်တော့သည်။မနိုရာကတော့ ဘာပြောရမှန်းမသိသလိုတွေတွေလေးဖြစ်နေသည်။

" မနိုရာက ငါ့အစ်ကိုသူငယ်ချင်း
ငါ့အစ်ကိုသူငယ်ချင်းမို့ မနိုရာကိုစောက်ရှောက်ဖို့ငါ့မှာလည်းတာဝန်ရှိတယ် "

" ဟာ ကြာတယ်ကွာ စောက်ရမ်းအကြောရှည်နေတဲ့ကောင်ကိုရိုက်ကြစမ်း "

ထိုအခါ ကျန်နှစ်ယောက်ကို ဆောနူကိုတိုက်ခိုက်လာ‌ တော့သည်။ကိုယ်က ကိုယ်ခံပညာလည်းတတ်ကျွမ်းသူမဟုတ်တာမို့ လွတ်အောင်ဘယ်လိုလုပ်ရမလဲစဉ်းစားရတော့သည်။

ထိုးကြိတ်လာတဲ့ကောင်တွေကိုတက်သလောက်မှတ်သလောက်ပြန်ထိုးပေးမဲ့လည်းနှစ်ယောက်တစ်ယောက်ဖြစ်တာမို့ဘယ်လိုမှမခုခံနိုင်။

ကိုယ့်နေကြာ ( Completed )Where stories live. Discover now