"မေမေ ၊ သားအဆောင်မနေလို့မရဘူးလားဟင်၊.. သားအဆောင်မနေချင်ဘူး.. "
အဆောင်မနေချင်သဖြင့်အမေဖြစ်သူအားငိုမဲ့မဲပြောနေသော ဆောင်းဟွန်း ။
အဆောင်ဆိုသည့်အတိုင်းစည်းကမ်းတင်းကျပ်လွန်းသောနေရာဖြစ်တာကြောင့်သူအဆောင်မနေချင်ပါ။ကြားထားတာကတော့အဆောင်ပိုင်ရှင်ဆရာမကအရမ်းစည်းကမ်းကြီးတယ်ဟုပါကြားထားသောကြောင့် ဆောင်းဟွန်းဂျစ်တိုက်နေမိသည်။" မရဘူးလေ သားကြီးရယ်၊ဆယ်တန်းတန်းဆိုတာအရေးကြီးတဲ့အတန်းသားရဲ့၊ဒီတစ်နှစ်တော့သည်းခံလိုက်ပါအုံးနော် ... သားကြီး "
" အာ မေမေကဗျာ၊ သားမှမနေချင်တာ အီးး "
" ကဲ ဖေဖေနဲ့တိုင်လိုက်ရမလား၊ ဆောင်းဟွန်း "
" မေမေက သားကိုမချစ်ဘူး "
ဆောနူကိုကျ စိတ်မချလို့အဆောင်မနေခိုင်းဘူးတဲ့၊သူ့ကိုကျဆယ်တန်းမို့အရေးကြီးလို့အဆောင်နေခိုင်းသည်တဲ့၊မေမေ မတရားဘူး၊မေမေက ဆောနူလောက်သူ့ကိုမချစ်ဘူး။
ဆောင်းဟွန်းကတော့ပြောချင်ရာပြောပြီး၊စိတ်ကောက်ကာထွက်သွားလေသည်။
" သားပါ အဆောင်နေလိုက်မယ်လေ မေမေ "
" မဟုတ်တာသားရယ်၊ ဆောင်းဟွန်ကိုက မေမေဆရာမနဲ့သေချာအပ်ထားပြီးသားပါ၊ သားငယ်က အိမ်မှာပဲနေလေနော်၊အိမ်မှာမေမေတစ်ယောက်တည်းဖြစ်နေတော့လေ ..."
ဟုတ်တော့လည်းဟုတ်ပါသည်။ သားအမိသုံးယောက်ပဲရှိသည်မို့ကျွန်တော်တို့နှစ်ယောက်လုံးသာအဆောင်နေလိုက်ရင်မေမေတစ်ယောက်တည်းဖြစ်နေလိမ့်မည်။ မိန်းမသားတစ်ယောက်တည်းအိမ်မှာနေရမှာမေမေကြောက်နေရှာမှာပေါ့။
ခုသူက ကိုးတန်းဖြစ်တာမို့သိပ်အရေးမကြီးသေး၊ ဒါကြောင့်အဆောင်နေစရာမလိုပေ၊ဆောင်းဟွန်းမရှိတာမို့ မေမေ့ကိုသူစောက်ရှောက်ရအုံးမည် ။သူဆယ်တန်းရောက်ရင်တော့ တက္ကသိုလ်တက်မည်ဖြစ်တဲ့ဆောင်းဟွန်းကတစ်လှည့်ပြန်စောက်ရှောက်ပေါ့။
****
ဒီလိုနဲ့အဆင်ပြေပြေသာပြန်ဖြစ်သွားသည်။ဆောင်းဟွန်းကလည်းအဆောင်နေဖို့ကိုလက်ခံသွားပြီဖြစ်တာကြောင့်မေမေနဲ့တကျက်ကျက်မဖြစ်တော့။အပေးအယူတော့လုပ်လိုက်ရသည်။တက္ကသိုလ်တက်တာနဲ့ ကားဝယ်ပေးရမည်ဟုဆောင်းဟွန်းရဲ့တောင်းဆိုချက်ကိုမေမေကခွင့်ပြုလိုက်သောကြောင့်ပင်။