ဧည့်သည်တွေတဖွဲဖွဲပြန်ကုန်တာမို့အိမ်တွင်လူအနည်းအကျဉ်းသာကျန်တော့သည်။ဟွန်းဂျယ်ကပြန်သွားသည့်ဧည့်သည်များကိုနှုတ်ဆက်နေလေသည်။
" အမနဲ့ခုလို့ပြန်တွေ့ရလိမ့်မယ်လို့မထင်ထားဘူး အမရယ် "
" အမလည်း ဖိတ်စာတွေ့တော့အံ့ဩသွားတာဘေးချင်းကပ်ရပ်အိမ်က အဆော တို့မှန်းတကယ်မသိခဲ့တာ "
" ခုလိုပြန်တွေ့ရတာဝမ်းသာလိုက်တာအမရယ် "
မေဆောနူအသံလေးကဝမ်းသာဟန်စွက်နေလေသည်။မျက်နှာလေးကပြုံးနေသည်မှာကြည်လင်အေးမြလို့။
" အမလည်း အတူတူပါပဲအဆောရယ် အရမ်းဝမ်းသာလွန်းလို့သိသိချင်းချက်ချင်းတောင်ပြေးလာချင်တာ"
" သားရောနေကောင်းတယ်မလား အမ အစ်ကိုကြီးရောငျန်းမာရဲ့လား "
" နေကောင်းကြပါတယ်ရှင် အဆော အစ်ကိုကြီးကတော့သိတဲ့အတိုင်းခရီးတွေထွက်နေရတြောပိမ်မှာခုလည်းမရှိပြန်ဘူး
သူသာရှိနေရင်အရမ်းဝမ်းသာမှာသိလား "သူမတို့စကားဝိုင်းလေးကပြုံးပြုံးပျော်ပျော်နဲ့စိုစိုပြေပြေ
" အဆော "
" မောင် "
" အမ နေကောင်းတယ်နော်ဗျ "
" ကောင်းပါတယ်ရှင် "
" အမတို့နဲ့ခုလိုပြန်တွေ့ရတာ ကျွန်တော်တို့ဝမ်းသာလိုက်တာဗျာ "
" အမလည်း အတူတူပါပဲကွယ် ခြံချင်းကက်ရပ်ဆိုတော့အစဉ်သင့်လိုက်တာနော် "
" ဟုတ်ပဗျာ တိုက်တိုက်ဆိုင်ဆိုင် "
ဟွန်းဂျယ်ရဲ့စကားအဆုံးမှာတော့စကားဝိုင်းဟာရယ်သံလေးတွေစွက်လာလေသည်။သုံးယောက်တည်းသာရှိတဲ့စကားဝိုငးဖြစ်ပေမဲ့စိုပြေပြေရှိလှသည်။စကားတွေဖောင်ဖွဲ့ကာပြောမကုန်ဖြစ်ရသည်အထိ။မေဆောနူတို့ဘယ်လိုပြင်ဦးလွင်ကဒီကိုရောက်လာတဲ့အကြောင်းတွေသူတို့မိဘတွေအကြောင်းတွေပြောပြရင်းရင်းနှီးသည်ထက်ပိုရင်းနှီးလာကြသည်။
ထို့နောက်မှာတော့ဆောင်းသဇင်တို့အိမ်နဲ့မေဆောနူတို့အိမ်ဟာနှစ်အိမ့်တစ်အိမ့်လိုဖြစ်လာလေသည်။ကလေးမရှိသည့်မေဆောနူတို့အတွက် ဆောင်းဟွန်းအသေးလေးဟာတူသားလိုဖြစ်လာရသည်။ကလေးဆိုလို့ဒီကလေးတစ်ယောက်သာရှိတာမို့ဆောင်းဟွန်းလေးသည်အားလုံးရဲ့အချစ်ခံအချစ်ပိုလေးဖြစ်လာလေသည်။ဒါပေမဲ့ ဆောင်းဟွန်းလေးဟာတစ်နှစ်ပင်မပြည့်သေးပေ။