ဒီနေ့မနက်ခင်းလည်းပုံမှန်အတိုင်းအပြေးလေ့ကျင့်ခန်းလုပ်ပီး
ပြန်လာတော့ ဆောနူကမနိုးသေး။သွားနှိုးလိုက်ရင်ကောင်းမလားစဉ်းစားမိပေမဲ့သူနိုးလာတဲ့အချိန်ထိပဲစောင့်လိုက်တာကောင်းပါတယ်။တော်ကြာအဖြစ်သည်းရာကျနေအုံးမယ်။သူနိုးတာကိုစောင့်ပီးကျောင်းလိုက်ပို့ပီးမှကုမ္ပဏီသွားဖို့စဉ်းစားထားသည်။ကိုယ်ကအားလုံးပြင်ဆင်ပီးပီမို့ကော်ဖီသောက်ရင်းသာစောင့်နေလိုက်သည်။" ဟယ်လို .. ငါဒီနေ့ကုမ္ပဏီလာတာနည်းနည်းနောက်ကျမယ် "
" ဟုတ်ကဲ့ Boss "
" အစည်းဝေးအတွက်သေချာပြင်ဆင်ထားလိုက် ... ငါမလာခင် "
" ဟုတ်ကဲ့ပါ Boss "
PA ကိုဖုန်းဆက်အကြောင်းကြားကာအစည်းဝေးကိုသေချာပြင်ဆင်ခိုင်းရသည်။ကုမ္ပဏီမှာဒီနေ့အစည်းဝေးတစ်ခုရှိသည်။တော်သေးတာက 10 နာရီလောက်မှဖြစ်တာမို့ ဆောနူကိုကျောင်းလိုက်ပို့မှီခဲ့သည်။ခနကြာတော့ ဆောနူဆင်းလာသည်။
" မင်းကတကယ်ကြီးလိုက်ပို့မလို့လား "
" ငါကမင်းကို မဟုတ်တာပြောစရာလား "
" ကျစ် "
ဆောနူကစိတ်ပျက်သလို စုပ်သက်သည် ။နေပါအုံး ငါလိုက်ပို့မှာကို ဒီကောင်ကဘာတွေအသည်းသန်ဖြစ်နေရတာလဲ။
" ငါကမင်းကိုကျောင်းလိုက်ပို့တဲ့ကိစ္စမှာ ဘာကအခက်ခဲဖြစ်နေလို့လဲ "
ဂျက်လာကြိုတာကိုတော့အသာတကြည်လက်ခံပီး ကိုယ့်ကျမှ ကိုာ်နဲ့အတူတမသွားချင်တာလိုလို ကိုယ်လိုက်ပို့တာပဲမခံချင်တာလိုလိုလာလုပ်နေတာက ဆောနူကို အတော်အသည်းယားရသည်။စိတ်ရှိလက်ရှိကိုင်ဆောင့်ပီးငါလုပ်လိုက်ရမကောင်ူရှိတော့မယ်။
" ဘာမှမဖြစ်ဘူး "
" မဖြစ်ရင်ပီးတာပဲ "
ဆောနူကရန်မဖြစ်ချင်သလိုပုံစံနဲ့စကားစဖြတ်သည်။ မင်းပဲရန်မဖြစ်ချင်တာမဟုတ်ဘူး ငါကလည်းရန်ဖြစ်ချင်မနေဘူး။
ကိုယ်လိုက်ပို့တာကို ကြိုက်ချင်ကြိုက်မကြိုက်ချင်နေ အဓိကက ဂျက်ဆိုတဲ့ကောင်နဲ့ပါမသွားဖို့ပဲ။ အဲ့ ဂျက်ဆိုတဲ့ကောင်ကို
ကြည့်လို့ကိုမရဘူး တကယ့်ကျက်သတုန်း။