" အစ်ကိုဂျက် "
" ဂျက် ... ကျောင်းလစ်လာတာလား နင် "
အမက အစ်ကိုဂျက်ကိုတွေ့တွေ့ချင်းစနောက်သည် ။ဆောနူကတော့အံ့ဩလျက်။အစ်ကိုဂျက်သည် ဆောနူအချိန်ပိုင်းလုပ်တဲ့ဆိုင်ကသူ့သူငယ်ချင်းဆိုင်ဖြစ်ပေမဲ့ ကျောင်းလစ်ပီးတော့တခါမှမလာဖူးပေ။ဒါကြောင့်အမရောဆောနူရောအံ့ဩနေသည်။
" အေး ကျောင်းလစ်လာတာ "
ဆိုင်ရှင်အမကပြုံးစိစိလေးလုပ်သည်။ဆောနူကတော့ သူ့အလုပ်သူသာပြန်လုပ်နေတာမို့အမရဲ့အပြုံးကိုမမြင်မိပေ။
အစ်ကိုဂျက်ကို အမက ခုံမှာထိုင်ကာဧည့်ခံနေလေသည်။" နင်လဲဝဋ်ကြွေးပဲဂျက်ရယ် "
သူမကထိုသို့ပြော၍သက်ပြင်းချသည်။သူမသူငယ်ချင်းအတွက်သူမလည်းစိတ်မကောင်းပေ။သူမသူငယ်ချင်းချစ်ရသူကဆိုင်သူရှိနေတယ်တဲ့လေ။
" ငါမပိုင်ဆိုင်ရရင်တောင် ဒီလိုလေးပဲငေးကြည့်ရလည်းကျေနပ်ပါတယ်ဟာ "
" အင်းပါ နင်အဆင်ပြေရင်ပီးတာပါပဲ "
" နင့်ဆိုင်ရော အဆင်ပြေရဲ့လား "
ဂျက်ကထိုကိစ္စကိုဆက်မပြာချင်တော့သလိုလမ်းကြောင်းလွှဲသည်။
" ငါ့ဆိုင်လေးကဖွင့်တာမကြာသေးပေမဲ့ လူအရမ်းကျတယ်
ဆောနူကြောင့်လည်းပါပါတယ် ဆောနူကငါ့ဆိုင်လေးရဲ့အကောင်းဆုံးဝန်ထမ်းပဲ စေတနာပါပါနဲ့ကိုလုပ်ပေးတာ "" ငါ့ကိုကျေးဇူးတင် "
" ကျေးဇူးတင်ရမှာပေါ့ဟ ... ဒီနေ့ကျောင်းတောင်လစ်လာတာဆိုတော့ နင်လည်းငါ့ဆိုင်ကိုဝိုင်းကူရောင်းပးရမယ်နော် "
" အေးပါ "
" ကော်ဖီရပီဗျ "
ဆောနူကကော်ဖီဗန်းလေးကိုင်ကာလာချပေးသည်။ဂျက်ကိုလည်းတစ်ချက်ပြုံးပြသွားသည်။ဂျက်ရဲ့စိတ်တို့ပေါ့ပါးကာလန်းဆန်းသွားသလိုပင်။
****
ဆောင်းရာသီမနက်ခင်းပိုင်းလေးကအေးစိမ့်စိမ့်ရယ်ပါ။ဒီနေ့
အမ ဂရင်းတို့နဲ့လုပ်မဲ့ project ကစတင်တဲ့နေ့မို့ထို project ရှိရာသို့ အမ ဂရင်းနဲ့အတူသွားရသည်။