ညနေ ဆောင်းဟွန်းနဲ့ဆောနူတို့ ဦးကောင်းမြတ်တို့အိမ်သို့ရောက်လာကြသည်။ထိုအခါ ဆောနူ၏အဖေဆိုသူအားဆောနူသိလိုက်ရသည်။ထိုသူက ဆောနူ ရဲ့အဖေဆိုတာကို ဆောနူနဲ့ ခပ်ဆင်ဆင်တူသောအစိတ်အပိုင်းအချို့ကသက်သေပြနေသည်။
" ကျွန်တော် ဒယ်ဒီလို့ခေါ်မယ်အဆင်ပြေလားဗျ "
" သားကြိုက်သလိုခေါ်နိုင်ပါတယ် ဖေဖေအဆင်ပြေပါတယ်"
" ကျွန်တော်နဲ့စကားပြောတဲ့အခါ အဖေလို့မသုံးဘဲ ဒယ်ဒီလို့ပဲသုံးပေးနိုင်မလားဗျ "
ထိုအခါ ဟွန်းဂျယ်အပါအဝင် ဦးကောင်းမြတ်နဲ့ဒေါ်ဆောင်းသဇင်ပါမျက်နှာပျက်သွားရသည်။သို့ပေမဲ့ ဟွန်းဂျယ်
ပျက်ယွင်းသွားသောမျက်နှာအားချက်ချင်းပြင်ကာအပြုံးတို့အားပြန်လည်ချိတ်ဆွဲလိုက်သည်။သားသဘောသည်သာပထမမို့သူအထွန့်မတက်ချင်။ကိုယ့်ကိုတွေ့တာနဲ့စိတ်ဆိုးဒေါသထွက်ကာပေါက်ကွဲသွားလိမ့်မည်ဟုထင်ထားသော်လည်းသားကအထင်နဲ့အမြင်လွဲကာသွေးအေးစွာပင်တည်ငြိမ်နေခဲ့သည်။
သားကတကယ်ပဲငယ်ငယ်ရွယ်ရွယ်နဲ့ရင့်ကျက်လွန်းသည်လား
၊ကျွန်တော့်အပေါ်နာကျည်းစိတ်တို့ပဲဖြစ်နေခဲ့သည်လားမသဲကွဲပေ။သားကိုသူနားလည်ဖို့ကြိုးစားရပေအုံးမည်။အခုချိန်မှာသားကသူ့ကိုခါးခါးသီးသီးဖြစ်မနေတာကိုပဲသားကို ဟွန်းဂျယ် ကျေးဇူးတင်ရသည်။ဆောင်းဟွန်းကတော့ ထိုစကားဝိုင်းအားဝင်မပါဘဲအကဲခတ်သောအကြည့်ဖြင့်သာတိတ်ဆိတ်နေသည်။
ဆောနူရဲ့ သူ့အဖေနဲ့သူ့အမေပေါ်ထားသောမေတ္တာတို့အားမြင်တွေ့ရတော့ ဆောင်းဟွန်းကျေနပ်ရသည်။ဆောနူအပေါ်ခံစားချက်တို့ကတစ်စထက်တစ်စသိသာလာသည်နှင့်အမျှယခုအချိန်မှာတော့ပိုလို့ပင်သေချာလာရသည်။
အဖေအရင်းဖြစ်သူသာ ဆောနူကိုပြန်ခေါ်သွားခဲ့ရင်ဆိုတဲ့စိုးရိမ်စိတ်တို့နဲ့ရင်အစုံကပူလောင်လာသည်။သူ ဆောနူကိုအဆုံးရှုံးမခံနိုင်ပေ။သေချာနေတဲ့အချစ်တစ်ခုကပေါက်ဖွားလာပြီမို့သူဖွင့်ဟဖို့အချိန်ထပ်မဆွဲနိုင်တော့ပေ။
ဒီထက်များအချိန်ထပ်ဆွဲဖို့လည်းမဝံ့ရဲတော့ပေ။