ဒီနေ့နဲ့ဆိုသူအားလုံးကိုရှောင်နေတာတစ်ပတ်ပင်ပြည့်ပီဖြစ်သည်နိုရာ့ကိုလည်းသူမတွေ့ချင် ဆောနူကိုတော့တကယ်အံ့ဩသည်သူကသာတအားတွေဖြစ်ပြနေတာဆောနူကတော့ကျောင်းတက်တောင်မပျက်ပေသူနဲ့ဖြစ်ပီးတစ်ရက်လောက်သာကျောင်းပျက်ကာနောက်နေ့တွေဟန်မပျက်ကျောင်းသို့သွားသည် ပြောချင်တာကသူတကယ်ပဲစိတ်ထဲဘယ်လိုမှမနေဘူးလား ကျွန်တော်ကပဲတစ်ဖက်သတ်ဖြစ်နေတာများလား
ဖေဖေနဲ့မေမေရှေ့မှာလည်းဟန်ပြသာကျောင်းသို့သွားပီးကျွန်တော်အတန်းမတက်ခဲ့ ဂျေးနဲ့ဂျိတ်တို့နဲ့လည်းမတွေ့ဖြစ် တစ်ပတ်လုံးလုံးအတန်းမတက်ပဲကျွန်တော်လုပ်နေခဲ့သည့်အရာကဆောနူကိုလိုက်ကြည့်ခြင်းပင်ဖြစ်သည် ဆောနူကအရင်ကလေးဘဝကဆောနူမဟုတ်တော့ပေသူသိခဲ့တဲ့ကလေးလေးဆောနူကအပြုံးလေးတွေဖောဖောသီသီပေးတတ်ပီးအမြဲတက်ကြွနေတတ်တဲ့ကလေးကျွန်ဝော်ဂရုမစိုက်ဖြစ်ခဲ့တဲ့အတောတွင်းမှာဆောနူဟာလုံးဝကိုပြောင်းလဲသွားခဲ့သည်
အခုဆိုသူ့မျက်နှာအပြုံးတွေများများစားစားမတွေ့ရတော့သလိုအနေအေးကာစကားတောင်များများစားစားမပြောတတ်တဲ့ဆောနူဖြစ်နေခဲ့သည်မှိတ်ကျသွားအောင်ပြုံးတတ်တဲ့အပြုံးတွေကိုကျွန်တော်မတွေ့ဖြစ်ခဲ့တာဘယ်လောက်တောင်ကြာပီလဲမသိတော့နောက်ဆုံးသူအဲ့လိုပြုံးခဲ့တာဘယ်အချိန်လဲဆိုတာလည်းသူမမှတ်မိတော့ တကယ်ပဲဆောနူကိုဘယ်အရာတွေကပြောင်းလဲစေခဲ့တာလဲဒါပေမဲ့သူပြုံးပြတဲ့သူတစ်ယောက်ရှိတယ်အဲ့တာဂျက်ပဲ ဂျက်နဲ့တော့အတော်လေးရင်းနှီးပုံရသည် ကျွန်တော့်ကိုောတင်မပြူံပြဖြစ်တော့တဲ့အပြုံးတွေကို ဂျက် ကိုတော့ပြုံးပြနေခဲ့သည်တဲ့လေ သူဂျက်နဲ့အတူရှိနေရင်ကျွန်တော်လုံးဝမကြိုက်
ဂျက်နဲ့အတူထိုင်နေတာမြင်ရင်လက်ကိုဆွဲပီးဆွဲခေါ်လာချင်တဲ့အထိတောင်ဖြစ်ရသည်ဒါပေမဲ့ကျွန်တော့်မှာအဲ့လိုအခွင့်ရေးရောရှိရဲ့လား ရှိတယ်လို့ကျွန်တော်ထင်သည် သူနဲ့ကျွန်တော်ပတ်သက်မှုကအဲ့လိုအခွင့်ရေးရှိတယ်မဟုတ်လား ဒါပေမဲ့ သူနဲ့ကျွန်တော်ကညီကိုတွေလေ ဟား ရူးချင်လာပီ ကျွန်တော်တကယ်ရူးချင်လာပီ သူနဲ့လည်းမျက်နှာချင်းဆိုင်ချင်စိတ်မရှိ
မျက်နှာချင်းလည်းမဆိုင်ရဲ ဒါပေမဲ့ ဂျက်နဲ့အတူရှိနေတာကိုလည်းမနှစ်မြို့ပြန် ဆောနူကိုတကယ်ပဲနားမလည်နိုင်တော့ မင်းတကယ်ပဲငါ့ကိုရူးသွားစေချင်နေတာလားကွာ