တင်းကြပ်တဲ့ပွေ့ဖက်မှုနဲ့အတူ ဆောနူ တရေးနိုးလာခဲ့သည်။ဆောနူနောက်ကနေ ဆောင်းဟွန်းကပွေ့ဖက်ထားခြင်းဖြစ်သည်။ဆောနူ စားပွဲပေါ်ကဖုန်းကိုကောက်ယူကာနာရီကြည့်လိုက်တော့ ည 9နာရီစွန်းစွန်းသို့ရောက်ရှိနေပီဖြစ်သည်။
ပွေ့ဖက်ထားသူရဲ့မျက်နှာချင်းဆိုင်ကိုလှည့်ကာ မျက်နှာတစ်ခုလုံးအားအသေးစိတ်လိုက်ကြည့်မိသည်။မကျဉ်းမကျယ်နှဖူးပြင်။အိစက်ပျော့ပျောင်းနေသောဆံနွယ်များကိုသူလက်ဖြင့်ကိုငိကြည့်မိသည်။မြတ်နိုးလိုက်ရတာ ဒီလူသားကိုသူဘယ်လောက်တောင်မြတ်နိုးခဲ့ရလဲ။
တိတ်တခိုးအချစ်နဲ့အဝေးကသာငေးကကည့်ခဲ့ရတဲသူ့ရဲ့နေမင်းကြီးက ခုတော့သူနဲ့တစ်လက်မတောင်မကွာတော့တဲ့အနီးနားမှာရှိနေသည်။ရင်တွေခုန်ရသည်။ကြည်နူးလှိုက်ဖိုရသည်။ပျော်ရွှင်ရသည်။
နှာရိုးလေးဘေးက မှည့်နက်ကလေးကအစ သူမှာသိပ်ကိုမြတ်နိုးရသည်။မင်းကနေမင်းကြီးဆို ငါက မင်းကိုပဲမျက်နှာမူပီးပွင့်လန်းမဲ့နေကြာလေး ကိုကို။မင်းရှိရာအရပ်ကိုပဲမျက်နှာမူမယ် မင်းကိုပဲကြည့်ပီးအသက်ရှင်မယ်။
ငါက မင်းရဲ့အလင်းရောင်နဲ့မှမင်းရဲ့စွမ်းအင်နဲ့မှမင်းရဲ့ထွေးပွေ့မှုနဲ့မှ ပွင့်လန်းနိုင်မဲ့ နေကြာပန်းတစ်ပွင့်။
ငါက မင်းရဲ့နေကြာပဲ ဆောင်းဟွန်း။
ဟုတ်တယ် ငါက ကိုကို့ရဲ့နေကြာ။
ဆောနူ မျက်စိရှေ့မှမြတ်နိုးရသူ၏ နှဖူးပြင်အားအနမ်းတစ်ပွင့်ပေးလိုက်သည်။
" Happy Birthday ကိုကို မင်းကိုအများကြီးချစ်တယ် ငါ့ဘေးမှာအကြာကြီးရှိနေပေးပီးငါ့ပျော်ရွှင်ခြင်းလေးဖြစ်နေပေးပါဦး "
မင်းချစ်လာမဲ့အချိန်ထိစောင့်မယ်။
မင်းငါဆီ အပြေးလာမဲ့အချိန်ထိစောင့်မယ်။
ဘယ်လောက်စောင့်စောင့်ရ ငါမင်းကိုစောင့်နေပါ့မယ်။
ငါ့ဆီလာတဲ့တလျှောက်လုံး မင်းဘယ်နေရာကိုဝင်ချင်လဲ။ကြိုက်တဲ့နေရာကိုဝင်နိုင်တယ်။ဒါပေမဲ့ ခဏပဲနော် ကိုကို။
မင်းရဲ့ခရီးအဆုံးက ငါပဲဖြစ်ရမယ်။ငါကမင်းကိုခပ်ဝေးဝေးကနေ အချစ်တွေနဲ့စောင့်နေပါ့မယ်။
ငါမင်းဆီကိုခြေလှမ်းပေါက်းများစွာလှမ်းခဲ့ပီးပီမို့ မင်းကတော့ ငါ့ဆီလာဖို့ခြေတစ်လှမ်းစာပဲလိုတော့တယ် ကိုကို။အဲဒီခြေတစ်လှမ်းက ဘယ်လောက်ကြာကြာပေါ့။ငါစောင့်နိုင်ပါတယ်။မင်းဖြစ်နေသရွေ့ ဘယ်လောက်ကြာကြာငါစောင့်မယ်။
အချစ်က စောင့်ဆိုင်းရခြင်းဆိုရင်တောင် မင်းဖြစ်နေလို့ငါကျေနပ်တယ်။
ငါကမင်းကိုဘာနဲ့မှမတူအောင် သိပ်မြတ်နိုးတာလေ။
#HHSLO
ဒီနေ့အရမ်းအားနေပါတယ် ဟဲဟဲ ။ စတာပါ စိတ်ညစ်နေလို့စာပဲကုန်းရေးနေတာ။ ဖတ်ရတာ ပေါ့သွားခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါအုံး။