" နိုရာ "
" မောင် အာ ဆောင်းဟွန်းနေကောင်းတယ်နော် "
" ကိုယ်နေကောင်းပါတယ် နိုရာရောအဆင်ပြေတယ်မလား "
" နိုရာတို့ ခနစကားပြောကြမလား "
နိုရာ့ဒ့တောင်းဆိုမှုကြောင့်ကျောင်းကန်တင်းသို့နှစ်ယောက်သားစကားပြောရန်ထွက်လာခဲ့ကြ။
" ဒီအတောအတွင်း ဆောင်းဟွန်းအဆင်ပြေတယ်မလား "
" အင်း ကိုယ်အဆင်ပြေပါတယ် ... နိုရာရော "
နိုရာက မပီမပြင်အပြုံးတစ်ခုပေးကာခေါင်းငြိမ့်ပြသည်။သူ့ဘက်ကအခုဖြစ်သွားတဲ့ကိစ္စမှာသိပ်အများကြီးခံစားရတာမျိုးမဟုတ်ပေမဲ့ သူ့ကိုတကယ်ချစ်ပေးခဲ့တဲ့ နိုရာ့အတွက်ကတော့နာကျင်မှုကအသေးအမွှားလေးဖြစ်ခဲ့တာမဟုတ်မှန်း ဆောင်းဟွန်းသိပါသည်။ထို့ကြောင့် ဒီကောင်မလေးကိုသူပိုအားနာမိရသည်။
" နိုရာအဆင်ပြေအောင်ကြိုးစားနေပါတယ် "
သူလည်းတကယ်တော့စိတ်မကောင်းပေ။တကယ်ဆိုဒီကိစ္စမှာသူ့အပြစ်တွေကများနေခြင်းဖြစ်သည်။သူသာနိုရာ့နဲ့မတွဲခဲ့မိရင် ဆောနူနဲ့သာဒီလိုကိစ္စတွေမဖြစ်ခဲ့ရင်ဘယ်သူမှနာကျင်ခံစားခဲ့ရမှာမဟုတ်။အားလုံးကသူ့အပြစ်တွေချည်းသာ။
" ကိုယ်တောင်းပန်ပါတယ် နိုရာ "
" မလိုပါဘူး ဆောင်းဟွန်းရယ် ဒီကိစ္စကဆောင်းဟွန်းကဖြစ်ချင်လို့ဖြစ်သွားတဲ့ကိစ္စမဟုတ်ဘူးမလား "
နိုရာ့မျက်ဝန်းထဲတွင်မျှော်လင့်ချက်ရောင်ခြည်တွေသန်းလို့နေသည်။နိုရာ့ရဲ့မျှော်လင်လျက်တွေကိုလည်းသူမရိုက်လျိုးရက်။ဒီကောင်မလေးဒီလောက်ခံစားနေရတာနဲ့တင်သူတော်တော်အားနာနေရပီ။နိုရာကအရင်လိုလန်းဆန်းတက်ကြွနေတတ်တဲ့ကောင်မလေးမဟုတ်တော့ပဲအနည်းငယ်ပိန်သွားကာစိတ်ပျက်အားငယ်နေသူတစ်ယောက်လိုဖြစ်နေတော့ ဆောင်းဟွန်းရင်ထဲမကောင်းလှ။ဒီကောင်မလေးကို သူတစ်ကယ်မချစ်ခဲ့ပေမဲ့ အများကြီးသဘောကျခဲ့ရတာမဟုတ်လား။
" အင်း မထင်မှတ်ပဲဖြစ်သွားတဲ့ကိစ္စတစ်ခုပါ "
နိုရာ့ မျက်နှာထက်ကျေနပ်မှုအရိပ်ယောင်လေးဖြတ်ပြေးသွားသလိုဆောင်းဟွန်းခံစားလိုက်ရသည်။ထိုစကားလုံးရဲ့ အဓိပ္ပာယ်က ထိုမိန်းကလေးစိတ်သက်သာရာရအောင်နှစ်သိမ့်ပေးလိုက်ခြင်းသာ။