" ကျွန်တော် ကျောင်းကိုအဝေးသင်ပြောင်းချင်တယ် "
ညနေစာထမင်းဝိုင်းကပုံမှန်ထက်ပိုတိတ်ဆိတ်နေကာဇွန်းသံပန်းကန်သံများသာညှင်ညှင်သာသာလွှမ်းမိုးလျက်။ဆောင်ဟွန်းရဲ့စကားကြောင့် ဒေါ်ဆောင်းသဇင်အလန့်တကြားဖြစ်သွားရသည်။ဉီးကောင်းမြတ်ကတော့သက်ပြင်းသာသဲ့သဲ့ချသည်။ဆောနူကတော့ခနတာငြိမ်သက်သွားပီးထမင်းသာဆက်စားနေလေသည်။
" သားတို့နှစ်ယောက်ကို မေမေတို့ကျောင်းထားနိုင်ပါတယ် သားကြီးရယ် "
မေမေကမျက်နှာလေးပျက်ရွင်းကာဆိုလာသည်။ ဆောင်းဟွန်းကမေမေ့အားတစ်ခက်သာကြည့ကာစူ့စကားကိုဆက်လာသည်။
" လက်ထပ်ပီးရင်အိမ်ခွဲနေချင်တယ် "
" သားကြီး .. "
ထိတ်လန့်သွားတဲ့မေမေ့အသံ
" သားကဘာလို့ အိမ်ခွဲနေချင်ရတာလဲ .. အဝေးသင်ပြောင်းတဲ့ကိစ္စကရော .. "
ဖေဖေကခပ်အေအေးမေးခွန်းထုတ်သည်။ဖေဖေကအနေအေးသူဖြစ်ပေမဲ့လက်လွတ်စပယ်ဖြစ်သလိုထားတတ်သူမဟုတ်။ကိစ္စတစ်ခုအားသင့်သည်မသင့်သည်ကိုသေချာသိအောင်လုပ်တတ်သူဖြစ်သည်။
" သားအိမ်ထောင်ကျပီဆိုတော့ ဖေဖေတို့ကိုမမှီခိုချင်တော့ဘူး "
စကားထပြောချင်နေသော ဒေါ်ဆောင်းသဇင်အား ဦးကောင်းမြတ်အသာခေါင်ရမ်းပြလိုက်သည်။ထိုမှသာ ဒေါ်ဆောင်းသဇင်ငြိမ်သက်သွားသည်။
" နောက်ပီး သားဖေ့ဖေ့လုပ်ငန်းတွေလေ့လာချင်တယ် .. သားဖေ့ဖေ့လုပ်ငန်းတွေဦးဆောင်နိုင်ရင် ဖေဖေလည်းခုလိုခရီးတွေမထွက်ရတော့ဘူးပေါ့ "
" သားပြောတာမှန်ပါတယ် ဒါပေမဲ့ .. "
" သားဖေဖ့ကိုလည်မပင်ပန်းစေချင်တော့ဘူး .. မေမေ့နားမှာနေစေချင်ပီ "
သားကြီးဟာသိပ်ငယ်သေးပါသည်။ခုကိစ္စကလည်းရုတ်တရက်ဖြစ်သွားတဲ့အရာမို့လို့လက်ထပ်ဖို့ကိစ္စကဖြစ်လာရတာ။အလုပ်လုပ်ရဖို့အထိသားကငယ်သေးသည်ဟုသူထင်ပါသည်။ဒါပေမဲ့သားကြီးကသူ့ဆုံးဖြတ်ချက်ကိုပြင်မည့်ပုံမမြင်ပေ။