နှိုးစက်သံတဒီးဒီးမြည်သံကြောင့် ဆောင်းဟွန်းအိပ်ပျော်နေရာမှဆတ်ကနဲတစ်ချက်လန့်နိုးသွားသည် မျက်လုံးနှစ်လုံကိုပွတ်သပ်ကာခနပြန်မှေးနေလိုက်မိသည် ပြန်မှေးနေရင်းညကအကြောင်းရာတွေအတွေးထဲတသီကြီးဝင်လာတာကြောင့်အလန့်တကြားထထိုင်ကာ သူ့ခန္ဓာကိုယ်ကိုသူပြန်စမ်းသပ်မိသည် အဝတ်အပြည့်အစုံနဲ့ဖြစ်နေမှ ဟူး ကနဲသက်ပြင်းချရသည် ဟိုတနေ့ကလိုအဖြစ်ပျက်ပျက်မျိုးသူထပ်မဖြစ်ဝံ့တော့ပေ
မျက်နှာသစ်သွားတိုက်ကာကျောင်းသွားဖို့ပြင်ဆင်ပီးတော့အာက်ထပ်သို့ဆင်းလာခဲ့သည် မနက်စာစားပွဲတွင် မေမေရောဆောနူပါထိုင်နေကြသည် မေမေကစားပွဲထိပ်မှာထိုင်နေတာမို့သူနဲ့ဆောနူကမျက်နှာချင်းဆိုင်ဖြစ်သွားသည် ဆင်းလာတုန်းကသာသူဆောနူကိုတစ်ချက်ကြည့်မိသည်နောက်တော့သူဆောနူကိုထပ်မကြည့်တော့ခုချိန်ထိမျက်နှာချငမဆိုင်ရဲသေးတာမှန်ပေမဲ့အရင်ကလောက်တော့မဟုတ်တော့
" သားညကဘယ်ချိန်မှပြန်လာသလဲ ... အရမ်းညဉ့်နက်တယ်နော်သားကြီး ... "
" ဟုတ် ... နည်းနည်းမိုးချုပ်သွားတယ် မေမေ .. "
" နည်းနည်းမဟုတ်ပါဘူး ... မေမေတောင်မစောင့်နိုင်တော့လို့သားငယ်စောင့်ပေးရတာပဲကြည့် ... နောက်ညတွေနောက်မကျစေနဲ့နော် သားကြီး ... "
မေမေကအနည်းငယ်ဆူပူသလိုလေးပြောကာစားပွဲမှထသွားသည်
" မေမေ ဒီနေ့ဆိုင်ကိုအစောသွားရမှာ ... သားတို့ကျောင်းသွားရင်တံခါးသေချာပိတ်ခဲ့ကြအုံးနော် ... "
" ဟုတ် မေမေ "
ဘာတစ်ခွန်းမှဝင်မပြောတဲ့ ဆောနူက ခုမှထပြောလာသည်
ထထွက်သွားပီဖြစ်တဲ့မေမေ့ကိုသေချာကြည့်ကာမေမေ့ကျောကိုမမြင်ရတော့မှ" ည.. ညက မင်းနဲ့ငါဘာဖြစ်သေးလဲ "
ဟိုလိုမဖြစ်ရင်တောင်ဆောနူကိုသူတစ်ခုခုလုပ်လိုက်မိမှာကြောက်ပါသည် ဒါကြောင့်သေချာအောင်မေးနေရခြင်း
" မင်းအိပ်ယာကထလာတော့ မင်းခန္ဓာကိုယ်မှာထူးခြားတာဘာဖြစ်လဲ "
" ဘာမှမဖြစ်ဘူး .. "
ဆောနူရဲ့အမေးကိုသူအူကြောင်ကြောင်လေးဖြေလိုက်မိသည်