မရောက်ဖြစ်ခဲ့သည်မှာ 18 နှစ်တင်းတင်းပြည့်ခဲ့ပီဖြစ်သောမြန်မာနိုင်ငံသို့ ယခုတော့အခြေချဖို့ရန်ပြန်လာခဲ့ပီဖြစ်သည်။
မြန်မာနိုငံလို့ပြောလိုက်တာနဲ့ နှလုံးသားထဲကရောအသွေးသားထဲကပါနက်နက်ရှိုင်းရှိုင်းဖြစ်ပေါ်လာတတ်တဲ့ခံစားချက်ကတော့ သူတစ်ဦးတစ်ယောက်ကိုရှာရန်ပင်ဖြစ်သည်။ထိုတစ်ဦးတစ်ယောက်သည် သူ၏ချစ်ရသူချစ်ဦးသူပင်ဖြစ်သည်။" အန်ကယ်လ် .. "
လေဆိပ်သို့ရောက်တော့လာကြိုမည့်သူကိုမျက်လုံးဝေ့ရှာနေရင်း ရင်းနှီးပီးသားအသံတစ်ခုကိုကြားလိုက်သည့်အခါမှာ တော့မျက်လုံးအစုံကထိုသူဆီသို့
" အဲလက်စ် "
ထိုသူသည်သူ့အားအပြုံးချိုချိုတို့နှင့်ပြုံးပြကာကြိုဆိုလာသည်။
" ဂရင်း နေကောင်းရဲ့လား "
ခရီးဆိုက်မြိုက်ရောက်တာနဲ့ သမီးဖြစ်သူအားအရင်မေးရသည်။ကိုယ့်မှာတွယ်တာစရာဆိုလို့ ထိုသမီးလေးသာရှိသည်လေ။
" ကောင်းပါတယ် အန်ကယ်လ်
အနိကယ်လ့်ကိုတောင်သူအလုပ်ကိစ္စလေးရှိလို့လာမကြိုနိုင်တာကို စိတ်မကောင်းဖြစ်နေတာ "" သမီးကတော့ကွာ "
စကားပြောနေသူနှစ်ယောက်ရဲ့မျက်ဝန်းထဲ ဂရင်း ဆိုတဲ့မိန်းကလေးအကြောင်းပြောရင်းချစ်မြတ်နိုးရိပ်တွေအပြည့်
" ဒါဆို ကျွန်တော်တို့သွားကြမလား အန်ကယ်လ်"
" ဟုတ်ပီ သွားကြတာပေါ့ အဲလက်စ် "
လေဆိပ်မှအိမ်သို့ရောက်လာတော့ သမီးကအဆင်သင့်ကြိုနေလျက်တွေ့ရသည်။
" မြန်မာနိုင်ငံကပြန်လည်ကြိုဆိုပါတယ် ဒယ်ဒီ "
ခုမှတွေ့ရတာမျိုးတော့မဟုတ်ပေမဲ့ ဂရင်းနဲ့ဒယ်ဒီတို့ပွေ့ဖက်နှုတ်ဆက်ဖြစ်ကြသည်။ဂရင်းက မြန်မာနိုင်ငံကိုကြိုရောက်လာတာဖြစ်ပီး ဒယ်ဒီကတော့အခုမှရောက်လာခြင်းဖြစ်သည်။
" သမီးဒီမှာနေရတာအဆင်ပြေရဲ့လား "
သုံးနှစ်သမီးအရွယ်ကတည်းက အင်္ဂလန်ကိုပြောင်းရွှေ့နေထိုင်ခဲ့ရတာမို့ ဂရင်းက မြန်မာနိုင်ငံနဲ့သိပ်မရင်းနှီး။သို့ပေမဲ့ သူမဟာ မြန်မာစကားကိုတော့ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်သူဖြစ်သည်။