ရာသီတွေအလီလီပြောင်းလဲလာသည်နှင့်အမျှနေထိုင်မှုပုံစံတွေလည်းပြောင်းလဲလာကြလေသည်။ဒါဆို လူသားလေးနှစ်ယောက်ကရော။
" မေမေ သားသွားတော့မယ်နော် "
ကော်ဖီကိုတစ်ငုံသောက်ကာအလောတကြီးထွက်သွားသော ဆောနူအား ဒေါ်ဆောင်းသဇင်မျက်စိတဆုံးလိုက်ကြည့်မိသည်။
" သားငယ် ကိုကိုနဲ့မသွားဘူးလား "
အိမ်ပေါက်ဝသို့သူမလည်းထွက်လာကာ ဆောနူအားအမေးစကားဆိုမိသည် ။
" သား Bus ပဲစီးသွားတော့မယ် ဒီနေ့ကျောင်းစောစောသွားရမှာမို့ "
ဖိနပ်ကြိုးချည်ရင်း အမေဖြစ်သူရဲ့အမေးစကားကိုတုံ့ပြန်လာသည်။
" ဟုတ်ပါပြီ ဒါဆိုလည်း ဖြေးဖြေးသွားနော်သား "
သားငယ် အလောကြီးနေတာမြင်ပေမဲ့ မိဘတို့ရဲ့ဝစီအတိုင်း
သတိပေးဖြစ်သည်။ဘာပဲဖြစ်ဖြစ် ကိုယ့်သားသမီးကိုစိတ်ပူရတာပဲမလား။ခုဆို ဘာလိုလိုနဲ့ သားငယ်က တက္ကသိုလ်ကျောင်းသားကြီးတောင်ဖြစ်လာပြီ။မျက်စိရှေ့တင်အရွယ်ရောက်လာကြသောသားနှစ်ယောက်ကိုခုချိန်ထိ ကလေးလို့သာသူမမျက်လုံးထဲမြင်နေဆဲ။
ဆောင်းဟွန်းသည်လည်း တက္ကသိုလ်ကျောင်းသားကြီးဖြစ်လို့လာပြီ။နှစ်ယောက်လုံးကစီးပွားရေးဝါသနာပါကြသည်မို့ စီးပွားရေးတက္ကသိုလ်သာတက်ဖြစ်ကြသည်။အသက်ကတစ်နှစ်ပဲကွာတာကြောင့်အတန်းလည်းတစ်နှစ်ပဲကွာသည်။ဆောင်းဟွန်းကဒုတိယနှစ် ဆောနူက ပထမနှစ်။
" မေမေ ... မေမေ့ "
" လာပြီ သားရေ ဘာဖြစ်လို့တုန်း "
ဆောနူကိုအိမ်ပေါက်ဝထိလိုက်ပို့ပီး အိမ်ထဲပြန်ဝင်လာသော ဒေါ်ဆောင်းသဇင်။
" ဘယ်သွားနေတာလဲ "
ခုံတွင်ဝင်ထိုင်ရင်းအမေဖြစ်သူအားသူသိချင်သည်အားမေးလာသည်မှာ မကျေမချမ်း။
" သားငယ်ကို အိမ်ပေါက်ဝသွားပို့နေတာ မျက်နှာကဘာဖြစ်နေတာတုန်း "
" သူကကျောင်းသွားပြီလား အစောကြီး "
သူမမေးသည်အားမဖြေပဲ ဆောနူကျောင်းအစောကြီးသွားသည့်အကြောင်းကိုသာမေးလာသည်။