စကားအရှည်ကြီးပြောလိုက်ရလို့ ဒေါ်ဆောင်းသဇင်မောသွားဟန်ဖြင့်သက်ပြင်းသဲ့သဲ့ချသည်။သူမမျက်လုံးထဲမျက်ရည်ကြည်တွေဝိုင်းလျက်မျက်လုံးများကလွမ်း မောနာကျင်ဖွယ်အတိ။အတိတ်ကဖြစ်ရပ်တွေကသူမမျက်လုံးထဲကွက်ကွက်ကွင်းကွင်းပေါ်လာနေခြင်းဖြစ်သည်။သူမလက်ကလေးအားဖြစ်ညှစ်ခံလိုက်ရမှပစ္စုပ္ပန်ကာလသို့အတွေးတို့ပြန်ရောက်လာခဲ့သည်။သူမလက်ကလေးအားသားငယ်ကအသာကိုင်ပေးထားခြင်းဖြစ်သည်။သားငယ်လက်ကလေးအားသူမလက်စတ်ဖက်ဖြင့်ထပ်အုပ်ကိုင်ကာသူမစကားကိုဆက်သည်။
" အဆော သားငယ်ကိုမီးဖွားဖို့နှစ်လအလိုမှာဟွန်းဂျယ်ကိုဟွန်းဂျယ်မိဘတွေဆက်သွယ်လာခဲ့တယ် ဟွန်းဂျယ်အဖေနာမကျန်းဖြစ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ပေါ့ မိသားစုကိုပစ်ထားမိတဲ့ဟွန်းဂျယ်ကလည်းခနလောက်ပြန်ရဖို့ဖြစ်လာခဲ့တယ် အဆောကိုတော့ကိုယ်ဝန်ကြီးနဲ့မိုခေါ်သွားလို့မဖြစ်ဝောာ့ မေမေတို့ဆီသေချာအပ်ခဲ့တယ်။ ဟွန်းဂျယ်ပြန်မလာတော့မှာစိုးရိမ်နေခဲ့တဲ့ အဆောကို " အဆောဆီ မောင်ပြန်လာခဲ့ပါ့မယ် " ဆိုတဲ့ကတိစကားကိုအထပ်ထပ်ပေးရင်းပေါ့။ဒါပေမဲ့ ဟွန်းဂျယ် အဆောဆီပြန်မလာခဲ့ဘူး သားငယ် "
မေမေကပြောရင်းရှိုက်ငိုလာခဲ့သည်။မေမေ့လက်ကလေးအားညှင်ညှင်သာသာဖျစ်ညှစ်ရင်းသူအားပေးမိသည်။
" ဟွန်းဂျယ်ကိုစောင့်ရင်း အဆောလည်းကျန်းမာရေးချို့တဲ့လာခဲ့တယ် သူ့ရင်သွေးလေးရှိသေးတယ်ဆိုတဲ့စိတ်နဲ့ အဆောကစိတ်ဓာတ်ကိုအကျမခံခဲ့ဘူး။သားငယ်ကိုမရရအောင်မီးဖွားခဲ့တယ်။ဒါပေမဲ့ သားငယ်ကိုမွေးပီးတစ်ပတ်လောက်မှာ အဆောလူ့လောကကြီးထဲကရောမေမေတို့ဘဝထဲကရောအပီးပိုင်ထွက်သွားခဲ့တယ် အဆောကလေ သိပ်ချစ်စရာကောငး်တဲ့မိန်းကလေးတစ်ယောက်ပါ။မေမေ့ရဲ့ ညီမငယ်လေးတစ်ယောက်လိုမေမေသိပ်ချစ်ခဲ့တာ "
မေမေဟာပိုတိုးလို့ရှိုက်ငိုလာခဲ့လေသည်။မေမေ့လက်ကလေးအားဆုပ်ကိုင်ပေးထားရုံလွဲသူနှစ်သိမ့်မပေးတတ်ပေ။
" သားငယ်ကလေ အဆောနဲ့သိပ်တူတာပဲ ဒါကြောင့်သားငယ်ရဲ့နာမည်ကို ကင်မ်ဆောနူလို့မေမေမှည့်ပေးခဲ့တာ သားငယ်ကိုမြင်တိုင်း အဆောကိုအရမ်းသတိရတယ် "