တီးလုံးသံတွေရော၊လူသံတွေပါဆူညံနေတဲ့ Bar တစ်ခုရှိထောင့်ကျကျဝိုင်းတွင် ဆောင်းဟွန်း တို့ထိုင်နေကြသည်။
ဆူညံနေပေမဲ့ထောင့်ကျကျဝိုင်းဖြစ်တာမို့၊တစ်ယောက်နဲ့တစ်ယောက်စကားပြောလို့ရတဲ့အထိတော့အနည်းငယ်ဆူညံမှုနဲ့ဝေးလေသည်။" ဆောနူကငါ့စေတနာကိုနားမလည်တာ "
အရက်ခွက်ကိုရေမရောဘဲတစ်ကျိုက်တည်းမော့ကာ ဆောင်းဟွန်းကဆိုလာသည်။
" ဂျက်အကြောင်းကိုငါတို့လည်းသိပါတယ်၊သူက မိန်းကလေးရောယောက်ျားလေးရောစိတ်ဝင်စားတတ်တဲ့သူဆိုပေမဲ့ အကျင့်စာရိတ္တကအဲ့လောက်မဆိုးရွားပါဘူးကွာ၊ ရှုပ်တာကတော့မင်းလည်းရှုပ်တာပဲလေ ဆောင်းဟွန်းရာ "
" ဟာ ဘာလဲ မင်းတို့ကသူ့ဘက်ကလား ... "
လျှာလေးအာလေးနဲ့ ဆောင်းဟွန်း ဝူးဝူးဝါးဝါးတွေထပြောတော့သည်။
" သူ့ဘက်ကမဟုတ်ပါဘူးကွာ၊တခြားသူထက်စာရင်တော့ ဂျက်ကအဲ့လောက်မဆိုးဘူးလားလို့ .. "
" ဆိုးဆိုးမဆိုးဆိုးကွာ၊ငါ့ညီကဂေးမဟုတ်ဘူး၊ဟုတ်တယ် ငါ့ညီလေးက ဂေးမဟုတ်ဘူး "
ဆောင်းဟွန်း နောက်ဆုံးနားလေးမှာအသံလေးတိုးဖျော့သွားသည်။တကယ်တော့ဆောနူအကြောင်းကိုသူအကုန်သိသူမဟုတ်။ဆောနူဘာကိုကြိုက်တတ်သည်ကိုလည်းသူမေ့နေလေသည်။ခုလိုမျိုးဆောနူက ဘယ်လိုလူမျိုးလဲ၊ဆောနူ ဘာလိင်ကိုစိတ်ဝင်စားလဲဆိုတာလည်းသူမသိပါ။ဒါပေမဲ့ ဂျက်နဲ့တော့သူလုံးဝသဘောမတူနိုင်။မဟုတ်ဘူးဘယ်သူနဲ့မှသဘောမတူနိုင်တာ။
သူ့ညီလေးကခုမှကလေးပဲရှိသေးတာ။အရင်လိုဂရုမစိုက်ဖြစ်တော့ပေမဲ့ သူသူ့ညီလေးကိုမချစ်ဘဲနေပါ့မလား။" တော်တော့ ဆောင်းဟွန်း၊ မင်းမူးနေပီ အန်ကယ်ပြန်ရောက်နေပြီမလား၊
အဆူခံနေရမယ် ဟေ့ကောင် .. "ဂျိတ်ရဲ့စကားကိုဂျေးကထောက်ခံသလိုခေါင်းညိတ်သည်။ သုံးယောက်တည်းမှာ ဂျေးကအရမ်းအးသည်။အေးအေးဆးဆေးနေတတ်ပေမဲ့သူငယ်ချင်းတွေအပေါ်ကိုတော့သူဂရုစိုက်ရှာပါသည်။
ပြောနေရင်း နောက်တစ်ခွက်ကောက်မော့နေတဲ့ ဆောင်းဟွန်းကြောင့်ဂျိတ်သက်ပြင်းသာချနေရတော့သည်။ဂျေးကတော့ စကားပြောနေတဲ့နှစ်ယောက်ကိုငေးကြည့်လို့။