12

638 65 0
                                    

3လအကြာ

အတော်သင့်ကျယ်ဝန်းထဲခြံဝန်းလေးထဲနှစ်ထပ်တိုက်အဖြူလေးလှပစွာတည်ဆောက်ထားသည်။ထိုခြံကျယ်လေးရှေ့သို့ကားနက်လေးတစ်စီးထိုးဆိုက်လာလေသည်။

" ဒီအိမ်လေးပဲ အဆော "

မေဆောနူ ကားထဲမှဆင်းကာခြံကျယ်ကြီးထဲမှနှစ်ထပ်တိုက်လေးအားသေချာကြည့်ရှူမိသည်။နှစ်ထပ်တိုက်လေးကဂိုးရှင်းစွာတည်ဆောက်ထားထာမို့သူမစိတ်တဲ့အလွန်သဘောကျနေမိသည်။

" လာအဆော အိမ်ထဲဝင်ရအောင် အိမ်ထဲရောက်မှသေချာကြည့် "

" ဟုတ်ကဲ့ မောင် "

မေဆောနူအိမ်ထဲသို့ရောက်သောအခါအိမ်တွင်းသို့လှည့်ပတ်ကြည့်ရှုမိသည်။အခန်းကအပေါ်ထပ်မှာနှစ်ခန်းအောက်ထပ်မှာနှစ်ခန်းရှိလေသည်။အိမ်ထဲမှာလည်းအိမ်သစ်ဖြစ်တာကြောင့်ဘာပစ္စည်းပစ္စယမှမရှိလဲရှင်လင်းနေလေသည်။

" အဆောသဘောကျတယ် မောင် ခြံထဲလိုက်ကြည့်လိုက်အုံးမယ် "

" ဟုတ်ပီဗျာ "

အဆောကသဘောကျတယ်ပြောတာကြောင့်သူကိုယ်တိုင်လည်းကျေနပ်မိလေသည်။

ခြံထဲတွင်လည်းဘာအပ်ငမှမစိုက်ထားရသေးတာကြောင့်ပြောင်ရှင်းနေသည်။အိမ်နောက်ဘက်တွင်တော့ရေကူးကန်လေးတစ်ကန်ရှိသည်။ရေကူးကန်နောက်မှာတော့စိမ်းစိမ်းစိုစိုသစ်ပင်အချို့ရှိတာကြောင့်စိတ်ထဲလန်းဆန်းသလိုခံစားရသည်။

" ခြံကိုရောသဘောကျရဲ့လားအဆော "

"အရမ်းသဘောကျတယ်မောင် "

အိမ်လေးအားသဘောကျကာ အဆောမျက်နှာလေးပြုံးရွှင်နေလေသည်။ရန်ကုန်မြို့ကိုရောက်တာ3လလောက်ကြာပီဆိုပေမဲ့ဟိုတယ်မှာသာတည်းဖြစ်ကာယခုမှအိမ်သို့လာကြခြင်းဖြစ်သည်။

" ခြံလေးထဲဘာအပင်မှမရှိတော့ အဆောသဘောကျတဲ့အပင်လေးတွေစိုက်ရမယ် "

" အဲ့တာကြောင့်ဘာအပင်မှမစိုက်ပဲ ခြံလေးကိုရှင်းခိုင်းထားတာ မောင့်အဆောလေးပြင်ချင်သလိုပြင်ရအောင် "

" မောင့်ကိုကျေးဇူးတင်ပါတယ် "

" မလိုပါဘူးဗျာ မောင်က အဆောပျော်ရင်ကျေနပ်နေတဲ့ကောင်ပါ "

ကိုယ့်နေကြာ ( Completed )Where stories live. Discover now