တစ်နေ့လုံးလူကစိတ်မပါလက်မပါဖြစ်နေရသည်။ အလုပ်မှာလည်းအလုပ်မှာမို့ ကျောင်းမှာလည်းကျောင်းမှာမို့အလွဲလွဲအချော်ချော်တွေသာလုပ်နေမိသည်။ ဒီနေ့ကတကယ့်ကိုအကြီးဆုံးပြဿဒါးနေ့လားပဲမသိပေ။ နောက်ထပ်ရောဘာဖြစ်အုံးမလဲမသိသေးပေ။
" ဆောနူ "
ကန်တင်းတွင်နေ့လည်စာစားနေရင်းနာမည်ခေါ်သံကြားတာမို့မော့ကြည့်လိုက်တော့ မနိုရာဖြစ်နေသည်။မနိုရာကို မြင်မြင်ချင်းမနက်ကအကြောင်းကခေါင်းထဲတန်းကနဲရောက်လာသည်။မိန်းကလေးတစ်ယောက်ကို ယောက်ျားတန်မဲ့မျက်မုန်းကျိုးနေတာကမသင့်တော်ပေမဲ့ ဒီမိန်းကလေးက ကိုယ်ချစ်ရသူရဲ့ချစ်ရသူဖြစ်နေတာမို့ ဆောနူ သိပ်တော့ကြည်ကြည်လင်လင်ရှိမနေပါ။
" အမ ခဏထိုင်မယ်နော် ဆောနူ "
" ဟုတ်ကဲ့ ထိုင်ပါအမ "
စိတ်ထဲမပါပေမဲ့မကောင်းတတ်တော့လည်းထိုင်ဖို့ရန်ခွင့်ပြုရသည်။
" နေ့လည်စာစားနေတာထင်တယ် အမကြောင့်အနှောင့်ယှက်ဖြစ်ရပီ "
စကားပလ္လင်ခံနေတာကို ဆောနူစိတ်မရှည်နိုင်တော့။အစကတည်းကသူ့ကိုသိပ်မကြည်တာမို့ပိုဆိုးသည်။
" လိုရင်းကိုပဲပြောပေးပါလား အမ "
ခပ်တင်းတင်းသာတုံ့ပြန်လိုက်တော့ မနိုရာမျက်နှာကတစ်ချက်တည်တင်းသွားသည်။ သို့ပေမဲ့မိန်းမလှတို့ရဲ့မာယာအတိုင်းခနပဲမျက်နှာတင်းမှုကကြာသည်။နောက်တော့ပုန်လည်ပျော့ပြောင်းသွားပြန်သည်။
" အမ ဆောနူဆီမှာ အတည်ပြုစရာလေးရှိလို့ပါ "
ဆောနူမျက်မှောင်ကျုံ့ကာကြည့်မိလိုက်သည်။သူမကဘာတွေအတည်ပြုချင်သေးတာလဲ။မနက်ကသူမနဲ့ ဆောင်းဟွန်းဘာတွေပြောခဲ့ကြသလဲ။
" ဘာအတည်ပြုစရာများရှိလဲဗျ ကျွန်တော်နဲ့ရောဘယ်လိုများပတ်သက်နေသလဲ "
" ဆောင်းဟွန်းနဲ့ပတ်သက်ပီးဆောနူဆီအတည်ပြုချင်တာပါ
အမပြောရတာအားနာပေမဲ့ ဆောင်းဟွန်းနဲ့ဆောနူကချစ်လို့လက်ထပ်ခဲ့ကြတာမဟုတ်ဘူးမလား "