" ဒယ်ဒီ ကော်ဖီ "
ခြံဝန်းထဲကခုံလေးတွင်ထိုင်ကာ ဒယ်ဒီကခပ်ဆွေးဆွေးလေးအတွေးထဲနစ်မျောနေသည်။
" ကျေးဇူး သမီး "
" ဒယ်ဒီဘယ်ကနေစလုပ်ဖို့စဉ်းစားထားလဲ "
" ဒယ်ဒီ ဒီမှာအခြေကျဖို့စီစဉ်ရအုံးမယ် "
" ဒါဆို ဒယ်ဒီ့မိန်းကလေးကိုရှာဖို့ကရော "
" မြန်မာနိုင်ငံမှာ ဒယ်ဒီ့လုပ်ငန်းတွေအခြေကျပီဆိုတာနဲ့
ဒယ်ဒီသူတို့ကိုလိုက်ရှာမှာပါ
ပြောသာပြောရတာ သူ ဒယ်ဒီ့ကိုအများကြီးစိတ်ဆိုးနေမှာသေချာတယ် ပီးတော့ ... ပီးတော့ ဒယ်ဒီ့ရဲ့သားလေးလားသမီးလေးလားမသိတဲ့ရင်သွေးလေးကပါ ဒယ်ဒီ့ကိုစိတ်နာနေလောက်မှာ "ဒယ်ဒီကတွေးဆဆလေးပြောကာသက်ပြင်းချသည်။
" စိတ်မညစ်ပါနဲ့ ဒယ်ဒီ ဂရင်းတို့အကောင်းဆုံးကြိုးစားကြတာပေါ့ "
ဒယ်ဒီ့လက်ကလေးကိုကိုင်ကာအပြုံးလေးဖြင့် ဂရင်းနှစ်သိမ့်ပေးလိုက်တော့ ဒယ်ဒီကပြုံးကာခေါင်းငြိမ့်ပြသည်။ထိုအချိန်တွင်ခြံထဲသို့ပရာဒိုကားတစ်စီးမောင်းဝင်လာသည်။ထိုကားပိုင်ရှင်ကတခြားသူမဟုတ် အဲလက်စ်ပင်ဖြစ်သည်။
" အန်ကယ်လ် ဒီမှာနေရတာအဆင်ပြေရဲ့လားဗျ "
အဲလက်စ်ကကားပေါ်ကဆင်းလာကာ ခပ်ဝဲဝဲမြန်မာစကားဖြင့် ဒယ်ဒီ့ကိုနှုတ်ဆက်လာသည်။
" အများကြီးအဆင်ပြေတယ် အဲလက်စ်
အန်ကယ်လ်က အဲ့လက်စ်ကိုကျေးဇူးတင်ပါတယ် "" မဟုတ်တာ အန်ကယ်လ်ရာ "
အဲလက်စ်ကအပြုံးချိုချိုတို့ဖြင့်ကျေးဇူးတင်စရာမလိုကြောင်းပြောလာသည်။အဲလက်စ်ကစီးပွားရေးသမားပီပီဆက်ဆံရေးပြေပြစ်သည်။လိမ်မာပါးနပ်သည်။ယဉ်ကျေးသည်။ပြောရရင် အဲလက်စ်က မိန်းကလေးတွေရဲ့စိတ်ကူးထဲကမင်းသားလေးပင်ဖြစ်သည်။ခန့်ညားမှုအသွင်နဲ့သူမတူအောင်ချောတဲ့ ကပြားလေး အဲလက်စ်က ဂရင်းရဲ့အချစ်ဆုံးငယ်သူငယ်ချင်းလည်းဖြစ်သည်။
" ဒါနဲ့ဘာကိစ္စရှိလို့လဲ အဲလက်စ် "
အလည်သပ်သပ်မျိုးလာတာမဟုတ်ဘဲ အဲလက်စ်ဝတ်စားထားပုံကတစ်နေရာရာသွားရန်ပြင်ဆင်ထားတဲ့ပုံမို့မေးလိုက်ခြင်းဖြစ်သည်။