Ep(2)(Unicode)

1K 54 1
                                    

*‌အားးး မေမေ မေလေးနာသွားပြီ ဗြဲ ........*

အားပြဲလေးနဲ့အော်နေတဲ့ ကလေးမလေးကြောင့်
ကျွန်တော်လည်း ကလေးလေးကို ချီလိုက်တယ်
ညီလေးကတော့ စက်ဘီးလေးကိုထူပေးတယ်

" မမ မမ ‌ကိုဘယ်သူလုပ်တာလဲ "
" ဟျောင့် မင်းလုပ်တာလား ငါ့မမကို "

နေမင်းခန့်လည်း လန့်သွားပြီး မျက်ရည်များ ဝဲကာ ဘာလုပ်ရမလဲမသိတာနဲ့ အကိုဖြစ်သူရဲ့နောက်မှာ ၀င်ပုန်းလိုက်တယ်

ဟိုပေါက်စလေးကတော့ သူ့မမကို လုပ်လို့ဆိုပြီး လက်သိးလက်မောင်းတန်းကာ နေမင်းခန့်ကို ရန်တွေ့နေတော့တယ်

"ဟိုအကိုကြိး ကျွန်တော့်မမကို အခုချပေး "

"အော အေးအေး "

ကျွန်တော်လည်း ထိုပေါက်စပြောမှ လက်ထဲက ကလေးမလေးက်ု ပြန်ကြည့်ပြီး အောက်ကိုချပေးလိုက်တော့တယ်

"မမ ဘယ်နားဘာဖစ်သွားသေးလဲ
ဟာ မမဒူးမှာသွေးထွက်နေပြီ ဘယ်လိုလုပ်မလဲ ဟင့် မမ သွေးထွက်သွားပြီ မေမေရေ မမဒူးမှာသွေးတွေထွက်နေပြီ "

ကာယကံရှင်ကလေးမလေးကပင် မငိုတော့ပဲ
ပေါက်စက ထငိုနေတာကြောင့် နေမင်းဆက် ဘယ်သူ့ကိုချော့ရမလဲမသိတာနဲ့ ငိုတဲ့လူကိုပဲချော့မယ်ဆိုပြီး ပေါက်စလေးရှေ့ကို ထိုင်ချလိူက်ပြီး

"ကလေးလေး မငိုနဲ့နော် ကိုကြီး ဆေးထည့်ပေးမယ်နော် ကိုကြီးညီလေးက သိပ်မကန်တတ်သေးတော့ ထိမိသွားတာပါ "

"လာမပြောနဲ့ ဟင့် မမ နာသွားပြီ သူ့ကိုလည်း နာအောင် ဟင့် ပြန်လုပ်မယ်"

"ယံလေး မေလေး"
ထပ်ပြောမလိုပြင်နေတုန်းပဲ အိမ်ထဲကနေထွက်လာတဲ့ ‌အန်တီတို့ကြောင့် ကျွန်တော်လည်း မတ်
တပ်ပြန်ရပ်လိုက်ပြီး

"အန်တီ ကျွန်တော့်ညီလေးက ဘောလုံးကန်လိုက်တာ အဲ့ဒါ ဒီက ညီမလေးကိုထိသွားတာပါ
တောင်းပန်ပါတယ်နော် "

"အော ရပါတယ်ကွယ် ကလေးတွေပဲဟာကို လာ မေလေးလာ ‌မေမေ ချီမယ် "

"ယံလေးကို ကိုကြီးချီမယ်နော် "
အန်တီတစ်ယောက်နဲ့ ကောင်လေးတစ်ယောက် ကလေးတွေကိုချီသွားတာကြောင့်
နေမင်းဆက်လည်း အနောက်မှာပုန်းနေတဲ့ညီလေးကို ကြည့်လိုက်ပြိး

Bad Puppy Where stories live. Discover now