Ep(13)(Unicode)

564 34 5
                                    

Day (2)

နှစ်ယောက်ခန်းဖြစ်တာကြောင့် ကိုကိုနဲ့ကျွန်တော် တူတူ အိပ်ကြတယ်
ကျွန်တော်က ဆိုဖာပေါ်မှာ အိပ်မယ်လုပ်ပေမဲ့
ကိုကိုက မအိပ်ခိုင်းတာကြောင့် ကိုကိုနဲ့ တစ်ကုတင်ထဲမှာ တူတူအိပ်ဖြစ်သွားတာပါ

မျက်လုံးနှစ်လုံးပွင့်လိုက်တာနဲ့ ကိုယ်သိပ်ချစ်တဲ့လူကို ပထမဆုံးမြင်လိုက်ရတဲ့ မနက်ခင်းက သိပ်ကိုကြည်နူးဖို့ကောင်းတာပဲဆိုတာ သိကြလား

အခု အိပ်ပျော်နေတဲ့ကိုကိုရဲ့ မျက်နှာလေးက သိပ်ကို အေးချမ်းလိုတယ်
အလိုမကျတိုင်း တွန့်တွန့်သွားတဲ့မျက်ခုံးတစ်စုံက အခုတော့များ ခန့်ညားမှုကို ပုံဖော်ပေးနေတယ်
ကိုကို့ရဲ့ နူးညံလောက်မယ်ထင်တဲ့နှုတ်ခမ်းတစ်စုံက ဘာမှ မပြုပြင်ထားပဲတောင် အတွင်းသားလေးတွေက နီရဲနေတယ်
‌ဒါလည်းဆွဲဆောင်မှုတစ်မျိုးပဲထင်တယ်
ကျွန်တော်ကိုကို့အနားမှာ အမြဲနေချင်တာပဲ
ကိုကိုလိုအပ်ဝာာတွေဖြည့်ဆည်းမယ် ကိုကိုပြောသမျှ အကုန် လိုက်နာမယ် အဲ့ဒါဆိုရင် ကိုကိုကျွန်တော့်ကို အနားမှာ ထားလောက်မှာပါနော်

" မင်းကိုယ့်ကို ဘယ်ချိန်ထိကြည့်နေမှာလဲ ယံလေး"

" အာ ကိုကိုနိုးနေဝာာလား "

"မင်းမနိုးခင်ထဲက နိုးနေတာ ...ငါ့ကိုမင်းလို အိပ်ပုပ်ထင်နေလား"

"ဟီး ကိုကို မျက်စိခနမှိတ် "

"ဘာဖစ်လို့လဲ"

"မှိတ်ပါဆို ကိုကိုကလည်း "

" ဟုတ်ပြီ "

ကိုကိုမျက်စိမှိတ်လိုက်ဝာာနဲ့တစ်ပြိုင်နဲ့ ကိုကြိုနှုတ်ခမ်းနားလေးကို အနမ်းတစ်ပွင့်ပေးလိုက်တယ်

*ပြွတ် *

"ဟိး Morning kiss ကိုကို"

"မင်း......"

ကိုကိုအော်သံကို လျစ်လျူရှူပြိး ရေချိုးခန်းထဲ ပြေး၀င်သွားလိုက်တော့တယ်
ဟိဟိ ကိုကိုကတော့ အပြင်မှာ ဒေါပွနေလောက်ပြီထင်တယ်

******

နေခြည်ရောင် တွေက လိုက်ကာကို ဖြန့်ကျက်ပြီး အခန်းထဲကို ရောက်လာတယ်
အကြာကြိးမအိပ်တတ်တဲ့ ကျွန်တော့်အတွက်
ဒိအချိန်ဆို နိုးနေပြီလေ
ဘေးက ယံလေးကတော့အိပ်တုန်းပေါ့

Bad Puppy Where stories live. Discover now