" ဟင့် ကိုကို စပ်တယ် နာနာက ...."
ကလေးလိုမျိုး အော်ငိုနေတဲ့ယံလေးကြောင့် ဆေးထည့်ပေးနေတဲ့ ကျွန်တော်လည်း ထရီမိတော့တယ်"ဟားဟား ကလေးကျနေတာပဲ "
"ကလေးပဲ ကိုကိုကလည်းဖြည်းဖြည်းလုပ် မှုတ်ပေးလေ"
"ဟုတ်ပါပြီ အရှင်သခင်လေးရယ် ကျွန်တော်မျိုး မှုတ်ပေးပါ့မယ် "
အနာလေးတွေကိုဆေးထည့်လိုက် မှုတ်ပေးလိုက်နဲ့ ဗျာ များနေတဲ့ကျွန်တော် ဟိုကလေးကတော့ ပြုံးပြီး ပျော်နေတာပဲ"ကဲ ပြီးပြီ ဒီနေ့ ယံလေးရေချိုးရမယ်နော် မနေ့ကလည်းရေမချိုးဖစ်ဘူး မဟုတ်ရင် အပူတွေအောင်းပြီး ဖျားမယ် "
"ရေချိုးရင် အနာတွေ ရေထိကုန်မှာပေါ့ အနာတွေရေထိကုန်ရင် ပိုပြီးအနာရင်းသွားမှာပေါ့ အနာရင်းသွားပြီး မပျောက်တော့ရင် ယံလေး ခြေထောက်ဖြတ်ခံရရင် ဘယ်လိုလုပ်မလဲ"
ယံလေးပြောကာမှ ဆရာဝန်ဖစ်တဲ့ကျွန်တော်တောင် ဘာပြောရမလဲမသိတော့ဘူး တွေးလည်းတွေးတတ်ပါ့
"ကဲ ဒီက ဆရာဝန်ကိုယ်တိုင်ချိုးပေးမှာ အဲ့တော့ ခြေထောက်လည်းအဖြတ်မခံရစေဘူး ဘာမှအဖြတ်မခံရစေဘူး ဟုတ်ပြီလား"
"ကိုကိုချိုးပေးလည်း ရေထိပြီး ....."
" ရေချိုးတော့မှကြည့်တော့ သခင်လေးရေ ခင်ဗျားခြေထောက်လေး ရေတစ်စက်မထိစေရဘူး"
"ဟိဟိ ပီးရော "
*ဒေါက် ဒေါက် *
"ကိုယ်သွားဖွင့်လိုက်မယ် "
"အော သားဆက် "
"ဒေါ်ကြီးစိုးပြောလေ "
"သားယံလေးရဲ့ အမ မေလေး ရောက်နေလို့ "
"မမရောက်နေတာလား ကိုကို မမကို အပေါ်ထပ် ခေါ်လာပေး ယံလေးတွေ့ချင်တယ် "
"ဟုတ်ပါပြီ ခေါ်လာပေးပါ့မယ်ခင်ဗျ"
ခနကြာတော့ မေလေး ယံလေးဆီကိုပြေးပြီးရောက်လာတယ်
"ယံလေး ခြေထောက်ဘယ်လိုနေသေးလဲ"
"ခြေထောက်က နာနေသေးတယ် ဟင့် မမ"
ကလေးလေးလို မရှိမဲ့ရှိမဲ့ မျက်ရည်ကို အတင်းညှစ်ထုတ်ပြီး ငိုပြနေတဲ့ ငချွဲကောင်လေးကြောင့် ကျွန်တော်လည်း သူတို့၂ယောက်ကို အခန်းထဲမှာ ထားခဲ့ပြီး ယံလေးစားဖို့ မုန့်သွားပြင်လိုက်တော့တယ်
YOU ARE READING
Bad Puppy