Ep(28)(Zawgyi)

366 11 0
                                    

ကိုကိုနဲ့ ခွဲရတော့မဲ့ ရက်ကို လက်ချိုးရေရင်း အခုဆို တစ်ပတ်တောင်ကုန်ဆုံးသွားပြီ
၎လဆိုတဲ့အတိုင်းအတာ တစ်ခုမရောက်ခင်အထိ
ကိုကို့ကို ပိုဂရုစိုက်ပေးမယ်
ကိုကို့ကို ချစ်တဲ့အကြောင်းတွေပြောပြမယ်
ကိုကို့အနားမှာ ပိုနေနိုင်သလောက် နေမယ်
ကျွန်တော့်ရွေးချယ်မှုက ကျွန်တော့်နှလုံးသားအတွက် မှားနေခဲ့ရင်တောင် ဖြစ်သင့်တာကို ရွေးချယ်ခဲ့တဲ့အတွက် နောင်တတော့မရှိပါဘူး

*တီ တီ* Ph Ringtone

" Hello "

"ယံလေး ရှာခိုင်းထားတဲ့ အငှားကိုယ်ဝန်သည် ရပြီ "

"အင်း နောက်ကြောင်းကောအဆင်ပြေလား "

"ပြေတယ် ယံလေး "

"အင်း ဒါဆို ယံလေး နောက်တစ်ပတ် ဆေးရုံလာခဲ့မယ် "

" ဟူတ်ပြီ "
ကိုကို့အနားကထွက်သွားဖို့ ဆုံးဖြတ်ထားတာကြောင့် ကိုကိုနဲ့ယံလေးတို့ရဲ့သွေးသားလေးကိုတော့ သယ်သွားခွင့်ပြုပါနော် မမ
သိပ်ချစ်ရတဲ့လူတစ်ယောက်ကို လက်လွှတ်ရတော့မှာကြောင့် စိတ်တွေ အလိုလို ရှုပ်နေမိတယ်

အတွေးတွေ ဗြောင်းဆန်နေတုန်း ကားသံကြားတာကြောင့် ကိုကိုပြန်လာပြီဆိုတာ သိလိုက်တယ်

"ယံလေးရေ ကိုယ်ပြန်လာပြီ "
ဒါကတော့ ‌လွန်ခဲ့တဲ့၃ရက်လောက်ပဲ ပြောင်းလဲသွာူတဲ့ ကိုကိုရဲ့ပုံစံအသစ်ပေါ့
ယံလေးကို မမြင်ရင် အမြဲအော်ပြီး ခေါ်နေတတ်သူကြီးပေါ့

"လာပြီ ကိုကို ရယ် "

"ကိုယ်က ယံလေးကို မတွေ့လို့ "

" ပေး အိတ် ယံလေး ကိုကိုရေချိုးဖို့အတွက် ပြင်ပြီးပြီ ဒီနေ့ခေါင်းလျှော်မှာမလား "
"အင်း လျှော်မှာ "

"ဒါဆို လျော်ပြိးရင် ပြော ယံလေး ခေါင်းသုတ်ပေးမယ် "

"အင်း ဒါဆို ကိုယ်ရေသွားချိုလိုက်အုန်းမယ် "

"ဟုတ် ယံလေးက အက်ျလိုက်ထုတ်ပေးမယ် "

"ဟုတ်ပါပြီ ကိုယ့်ရဲ့ အလိမ္မာတုံးလေးရယ် "
ကိုကိုကတော့ ရေချိုးဖို့အတွက် ရေချိုခန်းထဲချက်ချင်းဝင်သွားတယ် ယံလေးက ကိုကိုဝတ်ဖို့အက်ျထုတ်ပြီး ကုတင်ပေါ်မှာ ထိုင်စောင့်နေလိုက်တယ်
ခနကြာတော့ ကိုကိုထွက်လာပါပြီ

Bad Puppy Where stories live. Discover now