ကိုကိုနဲ့ ခွဲရတော့မဲ့ ရက်ကို လက်ချိုးရေရင်း အခုဆို တစ်ပတ်တောင်ကုန်ဆုံးသွားပြီ
၄လဆိုတဲ့အတိုင်းအတာ တစ်ခုမရောက်ခင်အထိ
ကိုကို့ကို ပိုဂရုစိုက်ပေးမယ်
ကိုကို့ကို ချစ်တဲ့အကြောင်းတွေပြောပြမယ်
ကိုကို့အနားမှာ ပိုနေနိုင်သလောက် နေမယ်
ကျွန်တော့်ရွေးချယ်မှုက ကျွန်တော့်နှလုံးသားအတွက် မှားနေခဲ့ရင်တောင် ဖြစ်သင့်တာကို ရွေးချယ်ခဲ့တဲ့အတွက် နောင်တတော့မရှိပါဘူး*တီ တီ* Ph Ringtone
" Hello "
"ယံလေး ရှာခိုင်းထားတဲ့ အငှားကိုယ်၀န်သည် ရပြီ "
"အင်း နောက်ကြောင်းကောအဆင်ပြေလား "
"ပြေတယ် ယံလေး "
"အင်း ဒါဆို ယံလေး နောက်တစ်ပတ် ဆေးရုံလာခဲ့မယ် "
" ဟူတ်ပြီ "
ကိုကို့အနားကထွက်သွားဖို့ ဆုံးဖြတ်ထားတာကြောင့် ကိုကိုနဲ့ယံလေးတို့ရဲ့သွေးသားလေးကိုတော့ သယ်သွားခွင့်ပြုပါနော် မမ
သိပ်ချစ်ရတဲ့လူတစ်ယောက်ကို လက်လွှတ်ရတော့မှာကြောင့် စိတ်တွေ အလိုလို ရှုပ်နေမိတယ်အတွေးတွေ ဗြောင်းဆန်နေတုန်း ကားသံကြားတာကြောင့် ကိုကိုပြန်လာပြီဆိုတာ သိလိုက်တယ်
"ယံလေးရေ ကိုယ်ပြန်လာပြီ "
ဒါကတော့ လွန်ခဲ့တဲ့၃ရက်လောက်ပဲ ပြောင်းလဲသွာူတဲ့ ကိုကိုရဲ့ပုံစံအသစ်ပေါ့
ယံလေးကို မမြင်ရင် အမြဲအော်ပြီး ခေါ်နေတတ်သူကြီးပေါ့"လာပြီ ကိုကို ရယ် "
"ကိုယ်က ယံလေးကို မတွေ့လို့ "
" ပေး အိတ် ယံလေး ကိုကိုရေချိုးဖို့အတွက် ပြင်ပြီးပြီ ဒီနေ့ခေါင်းလျှော်မှာမလား "
"အင်း လျှော်မှာ ""ဒါဆို လျော်ပြိးရင် ပြော ယံလေး ခေါင်းသုတ်ပေးမယ် "
"အင်း ဒါဆို ကိုယ်ရေသွားချိူလိုက်အုန်းမယ် "
"ဟုတ် ယံလေးက အက်ျလိုက်ထုတ်ပေးမယ် "
"ဟုတ်ပါပြီ ကိုယ့်ရဲ့ အလိမ္မာတုံးလေးရယ် "
ကိုကိုကတော့ ရေချိုးဖို့အတွက် ရေချိူခန်းထဲချက်ချင်း၀င်သွားတယ် ယံလေးက ကိုကို၀တ်ဖို့အက်ျထုတ်ပြီး ကုတင်ပေါ်မှာ ထိုင်စောင့်နေလိုက်တယ်
ခနကြာတော့ ကိုကိုထွက်လာပါပြီ
YOU ARE READING
Bad Puppy