"ကိုကြီးရေ ကိုကြီး ယံယံတို့ ဘာ၀ယ်လာလဲသိလား "လူက အိမ်ထဲမရောက်သေးပဲ အသံက အရင်ရောက်နေတဲ့ ပေါက်စလေးကြောင့် ဧည့်ခန်းထဲမှာရှိတဲ့ ဒေါ်ကြီးမြင့်နဲ့ နှင်းဖြူတို့က ပြုံးပြီး အိမ်အပေါက်၀ကိုကြည့်နေလိုက်တယ်
မပြုံးနိုင်တဲ့လူကတော့ ကိုကြီးဆိုသူ နှိုင်းမင်းထက်ပဲဖြစ်ပါတယ်
အသက် ၆နှစ်အရွယ် ရှိပြီး စာအရမ်းဝောာ်တဲ့ကလေးလို့ပြောရင် အရမ်းကြွားလွန်းတယ် ထင်မလားတော့မသိပေမဲ့ တကယ်စာတော်ပြီး လိမ္မာရေးခြားရှိလို့ တစ်ကျောင်းလုံးက ဆရာဆရာမများကပင် အရမ်းချစ်ကြတယ်အခုအခြေအနေကတော့ နှိုင်းမင်းထက် ကျောင်းကပြန်လာတာနဲ့ ခနလေးအိမ်လိုက်မိတာကို မနှိုးပဲ အိမ်မှာတစ်ယောက်တည်းထားသွားတဲ့ အဖေရယ် အမေရယ် ဟိုပေါက်စ၂ယောက်ကို စိတ်ကောက်နေခြင်းသာဖြစ်တယ်
"ကိုကြီး ယံယံဘာ၀ယ်လာလဲသိလား"
ရောက်လာပါပြီ တစ်အိမ်လုံးရဲ့ အမွှေစိန်ပေါက်စလေး နှိုင်းထက်ယံ
တစ်အိမ်လုံးရဲ့ အချစ်တော်လေး ပေါ့
အသက်က ၄နှစ်သာရှိသော်လည်း အရမ်းဉာဏ်ကောင်းပြီး အလိုက်သိသလို လိမ္မာေရးခြားလည်းရှိတာကြောင့် မိသားစုမပြောနဲ့ ပတ်၀န်းကျင်ကပင် အရမ်းချစ်ကြတယ်"ကိုကြီးရေလို့ "
"သားကြီး "
"မေမေ့သားကြီးရေ "တစ်မိသားစုလုံးနီးပါး ခေါ်နေသော်လည်း တစ်ချက်ပင် မော့မကြည့်ပဲ စာသာရေးနေတဲ့ နှိုင်းမင်းထက်ကြောင့် ယံယံအပါအ၀င် တစ်မိသားစူလုံး မျက်နှာညှိုးစွာနဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြတယ်
"ကိုကို မေလေး ဘာ၀ယ်လာလဲကြည့်ပါအုံး"
တိတ်ဆိတ်သွားလွန်းတဲ့ အခြေအနေကို ဖြိုခွင်းလိုက်တဲ့ လူကတော့ နှိုင်းထက်ယံ (ခေါ်) ယံယံလေးရဲ့ အမွှာ အစ်မ မေနှိုင်းထက်ပဲ ဖြစ်ပါတယ်
စာအုပ်ပေါ်ရောက်လာတဲ့ ဂိမ်းစက်လေးကြောင့် နှိုင်းမင်းထက် မျက်လုံးများ အရောင်တောက်သွားတယ်
သူ့အကိုရဲ့ အတွေးကိုပင် သိနေလွန်းတယ်ပြောရမလားပင် သူ့အကိူဘာလိုချင်လဲ သိနေတဲ့ မေနှိုင်းထက်ကြောင့် တစ်မိသားစုလုံး ပြုံးသွားကြတော့တယ်
![](https://img.wattpad.com/cover/285787023-288-k130152.jpg)
YOU ARE READING
Bad Puppy