Ep(29)(Unicode)

1.5K 76 24
                                    

မင်းထက်တစ်‌ေယာက် မောင်နဲ့မတွေ့ရတာအတော်ကြာသွားပြီ
မောင့်လိပ်စာအတိုင်းသွားတွေ့ခဲ့ပေမဲ့ အတွေ့မခံတာကြောင့် မတွေ့ခဲ့ရဘူး
နောက်ရက်ကြတော့ အိမ်ပြောင်းသွားပြီဆိုတာကြောင့်  မောင်ရဲ့အကြောင်းတွေကို အစအနအကုန်ပျောက်သွားခဲ့တယ်
တစ်ချို့ကပြောကြတာတော့ နိုင်ငံခြားပဲပြန်သွားတယ်တဲ့
တစ်ချို့ကတော့ ခရီးထွက်သွားတယ်လို့ပြောကြတယ် ဘယ်ဟာမှန်လည်းဆိုတာလည်းမသိတော့ဘူး
မောင့်ကို သေချာတောင်းပန်ခွင့်မရခဲ့တာကြောင့် အတော်စိတ်ထဲ၀မ်းနည်းမိတယ်

"ကျွန်တော် တောင်းပန်ဖို့ စောင့်နေပါတယ်နော် မောင် "

ဘ၀မှာ တစ်ခါပဲခေါ်ခဲ့ဖူးတဲ့ အသုံးအနှုန်းလေး
ဒီတစ်ယောက်တည်းကိုပဲ ဆက်ခေါ်မှာမို့ ကျွန်တော်ရှိရာအရပ်ကို ပြန်လာပေးပါနော် မောင် ~~~~

*********
"ဟဲလို .."

"ကိုကြီး ဘာလုပ်နေတုန်း"

"အလုပ်လုပ်နေတာ.."

"စကားပြောတာလည်း မာလိုက်တာကိုကြီးကလည်း "
"မအားဘူး နောက်မှပြန်ဆက်လိုက်မယ်"
ဆက်ပြောခွင့်ပင် မရလိုက်အောင် ချက်ချင်းဖုန်းချသွားတဲ့ ကိုကြီး
ပြန်ဆက်လိုက်မယ် ပြောပေမဲ့ ဘယ်သောအခါမှ ပြန်ဆက်မလာတဲ့ ကိုကြီး
‌ကိုကြီးရဲ့ပြောင်းလဲမှုတွေရဲ့ တရားခံက ယံလေးဆိုတာ သိတယ် ကိုကြီးကို ပြောင်းလဲနိုင်အောင် လုပ်နိုင်တဲ့ တစ်ယောက်သောသူက ယံလေးပဲ
ငယ်ငယ်တည်းက ရေခဲမုန့်စားရတာမကြိုက်တဲ့ ကိုကြီးက ယံလေးနဲ့တူတူ ရေခဲမုန့်ထိုင်စားတယ်
အသိးအရွက်မကြိုက်တဲ့ ကိုကြီးက ယံလေးစားအောင်လို့ သူကပါ တူတူလိုက်စားပေးမယ်
ဂိမ်းဆော့ရတာ မကြိုက်တဲ့ကိုကြီးက ယံလေးနဲ့တူတူ ဂိမ်းဆော့ပေးတယ်

" ကြည့်နေ ယံလေး နင်နဲ့ကိုကြီးနဲ့ကို ငါခွဲပြမယ်
နင်ပြောတဲ့ ၄လ မပြည့်ခင် နင်နဲ့ကိုကြီး ပြတ်စေရမယ် "

ဒေါသမီး‌လျှံတွေကြား အချစ်ဆိုတဲ့ အစိုင်အခဲလေး ပျော်ကျသွားမှာကို စိုးရိမ်မိတယ် ~~~~~

******
ယံလေး ကလေးကိစ္စအတွက် အဓိကလိုအပ်တဲ့ ကိုကိုရဲ့ သုတ်ရည်ကို ဘယ်လိုယူရမလဲစဉ်းစားမိတယ်
ကိုကိုနဲ့ တစ်ခါပဲတူတူဖြစ်ဖူးတာဆိုတော့
ဘယ်လိုယူရမလဲ မသိဘူးဖြစ်နေတယ်
ကိုကို့ကိုပဲ မြူဆွယ်ရမလား မဖြစ်သေးပါဘူး
ကိုကို့ဆီကရဖို့ဆို ကိုကိုနဲ့တူတူ နေမှရမှာလေ
ကိုကို့ဘက်က အရင်စလာအောင် ဘယ်လိုလုပ်ရမလဲ
တခြားအရာတွေမှာ ဉာဏ်ပြေးပေမဲ့ ဒိလိုနေရာတွေမှာတော့ ဉာဏ်မပြေးတဲ့ ယံလေးပါ

Bad Puppy Where stories live. Discover now