"ကဲ သားဆက်နဲ့ယံလေးတို့ အိုအောင်မင်းအောင် ပေါင်းရပါစေနော် သားဆက် ကလေးကို ဂရုစိုက်နော် မေမေက အခုလို အိမ်ခွဲနေတာကို သဘောမတူချင်ဘူးကွယ် "
"အမကလည်း ကလေးတွေက လွတ်လွတ်လပ်လပ်နေချင်လို့နေမှာပေါ့ ယံလေး ကိုကို့အပေါ် အရမ်းမဆိုးရဘူးနော် သားဆက် ယံလေးဆိုရင် မေမေ့ကို ပြောနော် မေမေ ယံလေးကို ဆုံးမပေးမယ် "
"ဟွန့် မေမေကလည်း မသိရင်ယံလေးက လူဆိုးလေးကျနေတာပဲ "
"မဟုတ်ဘူးလား ပြော"
"ဟီး မဟုတ်ပါဘူး "
"ကဲ ကလေးတွေ သွားကြတော့ မနက်ဖန် Honeymoonထွက်မှာမလား "
"ဟုတ် ဖေဖေ ယံလေးတို့ သွားတော့မယ်နော်
မမ ယံလေးသွားပြီနော် ကိုကြီး ယံသွားပြီ ကိုကိုကလည်း ယံလေးကိုမစောင့်ဘူး"အရှေ့ကနေအရင်ဆုံး အထုပ်တွေသယ်သွားပြီးထွက်သွားသူကတော့ ကိုကိုပေါ့
ကိုကိုရဲ့သဘောအတိုင်း မဂ်လာပွဲကို ချုံ့ပြီး ကျင်းပလိုက်တယ် ကိုကို့မာမီကတော့ မကြိုက်ဘူးပေါ့ ဒါမဲ့ ယံလေးကပါ အဲ့လိုလုပ်ချင်တယ်ပြောလိုက်တော့ လက်ခံသွားတာနဲ့ အကျဉ်းချုပ်လိုက်ဖို့သဘောတူလိုက်တယ်
နှစ်ဘက်မိဘဆွေမျိုးတွေနဲ့ သူငယ်ချင်းနည်းနည်းကိုပဲဖိတ်လိုက်တယ်
Honeymoonကတော့ ငပလီကို ရွေးထားတယ်
ဟီး ကိုကိုနဲ့ပထမဆုံးသွားရမဲ့ ခရီးပေါ့
ရင်ခုန်စရာကြီး
အခုတော့ ကိုကိုနဲ့တူတူနေမဲ့အိမ်ကိုအရင် သွားရမယ် ကိုကိုက မဂ်လာဆောင်ပြီးတာနဲ့ အိမ်အသစ်ကိုပြောင်းမယ်ဆိုတော့လည်း ယံလေးအတွက်ကတော့ ယောက်ျားသဘောပေါ့ဟိဟိ"ကျွန်တော် ကိုကို့ကို ပိုင်ပြီ "
"ဟိတ် တက်လေ ဘာတွေရီနေတာလဲ"
"အာ ဟုတ်သား လာပြီကိုကို "
အတွေးတွေလွန်တာနဲ့ ကိုကိုကစိတ်မရှည်တော့ဘူးဟူး ငယ်ငယ်တည်းက နေလာတဲ့အိမ်နဲ့ခွဲရတော့ ၀မ်းနည်းပေမဲ့ သိပ်ချစ်ရတဲ့ ကိုကိုနဲ့တူတူနေရမှာဆိုတော့ ပျော်တော့ပျော်သား
"ငါ မနက်ဖန် ငပလီမလိုက်ဘူး "
"ဗျာ ကိုကို ယံလေးတို့ Honeymoonလေ"
YOU ARE READING
Bad Puppy