Ep(8)(Unicode)

613 36 3
                                    

ပန်းနုရောင် ၀မ်းဆက်လေးကို ၀တ်ပြီး
အဖြူရောင် ပိုက်ဆံအိတ်လေးကို လွယ်ကာ
နေမင်းဆက်ဆီလျှောက်လာတဲ့ လူသားလေးကတော့ နေမင်းဆက် အချစ်ရဆုံး မေလေးပေါ့

"မေလေး ရာ ကိုယ်စိတ်မချတော့ဘူး "

"ဟီး ကိုကြီးကလည်း မြှောက်နေပြန်ပီ"

"ကိုယ်တကယ်ပြောတာ မေလေးက အရမ်းလှတာပဲ "

"ဟုတ်ပါပြီကိုကြီးရယ် မေလေးတို့သွားကြမယ်"

"တက်ပါ ခဗျ "

"ဟီး "

ပျော်ရွှင်စွာ မောင်းထွက်သွားတဲ့ ကားလေးကို ၀မ်းနည်းစွာကြည့်နေတဲ့ လူတစ်ယောက်ရှိနေခဲ့တယ်

*****

"ခန့်ရေ ကျောင်းသွားမယ် "

"ယံလေး ပါလား ခန့်က အပေါ်မှာ ရေချိုးနေတုန်း မနက်စာမစားရသေးရင် မာမီတို့နဲ့၀င်စားပါလား "

"ဟီး ယံလည်းဗိုက်ဆာနေတာနဲ့အတော်ပဲ "

နှင်း ပိုးငယ်ကတော့ ယံလေးကိုကြည့်ပြီး ချစ်ဖို့ကောင်းလိုက်တဲ့ယံလေး ဟန်ဆောင်မှုတွေမရှိတဲ့ကလေးလေး အဖြစ် အမြဲသတ်မှတ်ခဲ့တယ်

"ဒယ်ဒီ မာမီ ယံလေးပြောစရာရှိတယ်"

"ပြောလေ ယံလေး"

"ယံ ကိုကို့ကိုလိုချင်တယ် "

*အဟွတ် အဟွတ် *

"ဘယ်လို "

"ယံလေး ငါ့သား နောက်နေတာလား"

"မနောက်ပါဘူး ဒယ်ဒီရယ် ယံ ကိုကို့ကိုချစ်တယ်
ယံလေးတို့ကို သဘောတူပေးလို့မရဘူးလား"

" ယံလေးနဲ့ဆို ဒယ်ဒီက သဘောတူတာပေါ့ ဒီလောက် ချစ်ဖို့ကောင်းပြီး လိမ္မာရေးခြားလည်းရှိတယ် အဲ့တော့ ယံလေးနဲ့မှသဘောမတူရင် ဘယ်သူ့ကိုသဘောတူရမလဲ "
ကိုကိုရေ ကိုကို့ဒယ်ဒီကတော့ ယံလေးတို့ကို သဘောတူနေပြီ မကြာခင် ကိုကို့ကို ပိုင်ဆိုင်ရတော့မယ်

"မာမီကော "

"မာမီလည်းသဘောတူပါတယ် ကွယ် "

"ဘာတွေသဘောတူနေတာတုန်း မာမီရဲ့ ယံလေး မင်း ငါ့မိဘတွေကိုဘာတွေတောင်းနေတာလဲ"

Bad Puppy Where stories live. Discover now