လှပတဲ့အပြုံးတွေနဲ့ ပြုံးနေတဲ့ကိုကို့ဘေးမှာ အမြဲရှိနေမဲ့လူက ယံပါ ကိုကို
ဒီပုံထဲက အတိုင်း ကိုကို့ဘေးမှာ ယံပဲရှိချင်တယ်
ကိုကိုက ယံရဲ့အပိုင်ထိုပုံလေးကတော့ ရွှံ့တွေလူးနေတဲ့ ယံလေးကို ပြုံးကာ ကြည့်နေတဲ့ နေမင်းဆက်
ယံလေးကလည်း နေမင်းဆက်ရဲ့လက်ကို ကိုင်ထားပြီး ပြုံးနေခဲ့တဲ့ပုံလေးပေါ့ဖြူစင်တဲ့အပြုံးတွေ ဖြူစင်တဲ့အချစ်တွေနဲ့ စခဲ့တဲ့ အချစ်တစ်ခုဟာ
ထပ်ပြီးဖြူစင်ပါအုံးမလား ...****
"ယံလေး ဘာပြောလိုက်တယ် "
ယံလေးရဲ့ စကားကြောင့် အံ့ဩမှုအတိုင်းအတာက ဘယ်လောက်ကြိးမားလဲဆိုရင်
ယံလေးမေမေကော နေမင်းဆက် မေမေပါ အံ့ဩသွားရတယ်
အဖေတွေကတော့ ငြိမ်လျက်နားထောင်နေတယ်"ယံလေး ကိုကို့ကိုချစ်တယ် ကိုကိုနဲ့လက်ထပ်ချင်တယ် ယံလေးကို ၁၀တန်းအောင်ပြီး All Dထွက်တုန်းက ယံလေးလိုချင်တာအကုန်ဖြည့်ဆည်းပေးမယ်ပြောထားတာလေ အဲ့ဒါအခု ယံလေးလိုချင်တာ ပြောပြိး ဖြည့်ဆည်းပေးပါ မေမေ နော် မာမီ"
"ယံလေး ဒါ နောက်စရာမဟုတ်ဘူးနော်
မင်း မာမီ နှင်းပိုးငယ်ကို အားနာသင့်တယ်
မင်း မဖြစ်နိုင်တာကိုပြောပြိး ဆုအဖြစ်တောင်းတာ မဟုတ်သေးဘူး ယံလေး ""ယံကို ကတိပေးထားပြီးတော့ အခုကျတော့ မလုပ်ပေးနိုင်ဘူးတဲ့လား မေမေ"
"သားလေး မေမေပြောတာနားထောင်
လက်ထပ်တယ်ဆိုတာ သားထင်သလို မရိုးရှင်းပြိး သားကိုကိုက လူကြီးလူကောင်းတစ်ယောက်ဖစ်နေပြီ သူ့ပတ်၀န်းကျင်အတွက် သူ့ရဲ့အမေဖစ်တဲ့ မာမီနှင်းပိုးငယ်အတွက် မင်းစဉ်းစားရဲ့လား"နှင်းပိုးငယ်ကတော့ ယံလေးမျက်နှာက်ုသာကြည့်ပြီး ဘာမှ၀င်မပြော အဖေတွေကလည်း တစ်ခွန်းမှ၀င်မပြော
"မရဘူးဗျာ ယံ ကိုကို့ကိုချစ်တယ် ကိုကို့ကိုလက်ထပ်မယ် သူများလက်ထဲ ကိုကို့ကိုမပေးနိုင်ဘူး"
"မရဘူး ယံလေး "
"မေမေတို့က ယံလေးကိုမချစ်ဘူး"
အော်ငိုကာ အိမ်ပေါ်ထပ်ကို ပြေးတက်သွားတဲ့ကောင်လေးကြောင့် မိဘတွေအကုန် မျက်နှာငြိုးသွားကြရတယ်
![](https://img.wattpad.com/cover/285787023-288-k130152.jpg)
YOU ARE READING
Bad Puppy