Ep(15)(Unicode)

609 31 3
                                    

ဒီနေ့ကတော့ ကျွန်တော်ရယ် ကိုကိုရယ် ငပလီကနေ ပြန်ဖို့ အထုပ်တွေပြင်တဲ့နေ့ပေ့ါ

"ကိုကို ကိုကို့အက်ျတစ်စုံ လိုနေတယ် "

ယံလေး ပြောလိုက်တဲ့စကားကြောင့် ခေါင်းကဆံပင်တွေတောင် အလိုလိုထောင်သွားတယ်
ဒီလောက်ထိတိကျရလား

" ဟုတ်လား သေချာလို့လားကိုယ်မသိဘူး"

" သေချာပါတယ် ယံလေး မသွားခင်က အစုံရေတွေ သေချာရီခဲ့တာ  အခုကိုကိုကအသစ်တစ်စုံနဲ့ဆိုတကယ်ဆို ထည့်လာတဲ့အရေအတွက်ထပ်ပိုရမှာလေ အခုကွက်တိဖြစ်နေတယ် "

"အင်း ယံလေးအမှတ်မှားတာနေမှာပေါ့ ကဲပါ လာ ကိုယ်တို့ နောက်ကျနေမယ် အက်ျတစ်စုံတည်းကို "

"အင်း ဒါမဲ့ အဲ့အက်ျက ယံလေး၀ယ်ပေးထားတာလေ "

Omg ယံလေးမှတ်ဉာဏ်ဘယ်လောက်ကောင်းလဲဆိုတာ ကျွန်တော်အခုမှသိတော့တယ် ကျွန်တော်တောင်မေ့နေတာ သူက အကုန်မှတ်မိနေတယ်

"ယံလေးကိုကို့ကိူ အဖြူလေးရယ် အနက်လေးရယ် ၂ထည်၀ယ်ပေးထားတာလေ အဖြူလေးက ပျောက်သွားပြီ ဘယ်လိုလုပ်ရမလဲ"

"ကဲ ယံလေးရယ် ကိုယ့်ကိုအသစ်၀ယ်ပေးလေနော် ကိုယ်လည်းသတိမထားမိလိုက်တော့ အဲ့လိုဖစ်သွားတာ လာပါ သွားရအောင် နောက်ကျနေလိမ့်မယ် "

ကိုကိုညာတယ်
အဲ့နေ့က ကိုကို အဲ့မိန်းမရဲ့ အခန်းထဲမှာ ကျန်ခဲ့တာ လေ

Flashback

အဲ့နေ့ကယံလေး ကိုကို့ကိုမယုံတာနဲ့ ကိုကိုဖုန်းပြောတာ ခိုးနားထောင်ခဲ့တယ် ဒါမဲ့ကြားတစ်ချက် မကြားတစ်ချက်မို့ အဲ့‌မိန်းမနာမည်က မေဆို ရယ် ကိုကို ခနနေသူနဲ့သွားတွေ့မယ်ဆိုတာပဲ သိလိုက်တယ်
အဲ့ဒါနဲ့ကိုကိုထွက်သွားပြီး ကြာတော့ ယံလေးလည်း ကိုကိူ့နောက်ကို ခိုးလိုက်ခဲ့တာ ဟိုဘက်နဲ့ဒီဘက်မှားပြိး ကမ်းခြေကို တစ်ပတ်လောက် အနှံ့လိုက်ရှာခဲ့ရတယ် ကံဆိုးချင်တော့ ကိုကို နဲ့အဲ့မိန်းမ တူတူလမ်းလျှောက်ပြိးအခန်းတစ်ခန်းကို ၀င်သွားတာ မြင်လိုက်ရတယ်

နှလုံးသားထဲ ချော်ရည်တွေ လောင်းထည့်လိုက်သလိုပဲ သူတို့နှစ်ယောက် ထွက်လာတဲ့အချိန်ထိ ကျွန်တော် စောင့်နေခဲ့တယ်

Bad Puppy Where stories live. Discover now