Ep(20)(Unicode)

642 39 7
                                    

နေမင်းဆက်တစ်‌ေယာက် ခွဲစိတ်ခန်းကထွက်လာတော့  8နာရီခွဲ လုပ်စရာအလုပ်လည်းပြီးသွားပြီဖြစ်တာကြောင့် ဂျူတီလဲပြီး အိမ်ပြန်ဖို့လုပ်လိုက်တယ်
ကားပေါ်ရောက်တော့ နေ့လည်က အဖြစ်အပျက်က ပြန်သတိရသွားပြီး ယံလေးကို ရှင်းပြရင်ကောင်းမလား ဒီအတိုင်းပဲထားရမလားဆိုတာ စဉ်းစားနေရင်းနဲ့ အိမ်ကို ဘယ်လိုမောင်းလာမိမှန်းမသိ ခြံ‌ရှေ့ရောက်မှသတိရတယ်

"တစ်အိမ်လုံးလည်းမှောင်မဲနေပါလား "
*တီ တီ*
ကားဟွန်းကို ၂ခါလောက်တီးလိုက်တော့ ဝိုင်းပြည့်က ပြေးထွက်လာတယ်
ခြံထဲကားရပ်လိုက်ပြီး ဘာမှမတွေးတော့ပဲ အိမ်ထဲ ၀င်သွားလိုက်တော့တယ်

"ဝိုင်းပြည့် တစ်အိမ်လုံးလည်း မှောင်မဲနေတာပဲ အိမ်မှာ ဘယ်သူမှမရှိဘူးလား"

"ဟို ကျွန်တော်လည်း မသိဘူး ခင်ဗျ  ဒေါ်ကြီးနဲ့ဦးကြီးတို့ကတော့  ၂ရက်ခွင့်ယူသွားတယ် အကိုလေးကလည်း ပြန်မလာသေးဘူး အိမ်မှာ အကိုလေး မမ မေလေးတော့ရှိတယ် ခင်ဗျ"

"ယံလေးပြန်မရောက်သေးဘူးလား"

"ဟုတ်ပြန်မရောက်သေးဘူး "
ယံလေး ပြန်မရောက်သေးဘူးဆိုတာကြောင့် နာရီကိုကြည့်မိတော့ ၉နာရီခွဲတော့မယ် ဒီကောင်လေး ဘယ်သွားတာပါလိမ့်

"ဒေါ်ကြီးတို့က ဘာလို့ ခွင့်ယူသွားတာတုန်း"

"ရွာမှာ သူတို့ သား မဂ်လာဆောင်မို့လို့လို့ ပြောတယ်"

"အော အေးအေး အဲ့ဒါဆို မင်းလည်းနားတော့ အကိုလိုမှခေါ်လိုက်မယ်"

"ဟုတ်ကဲ့ "

ဝိုင်းပြည့်နဲ့စကားပြောပြီးတာနဲ့ အိမ်ထဲတန်း၀င်လာလိုက်တယ်
အိမ်ထဲရောက်တာနဲ့ မီးဖွင့်မယ် အလုပ်
အနောက်ကနေ လှမ်းဖက်တာခံလိုက်ရတယ်

"မေလေး "

" ဟာ ကိုကြီးကသိတယ်ပေါ့ "

"မနောက်နဲ့ကွာ မီးဖွင့်လိုက်"

"ကိုကြီးကလည်း ဒီအတိုင်းခနလောက် နေချင်လို့ပါ"

" မေလေး ကိုယ်‌ပင်ပန်းလာတယ် နားချင်ပြီ မေလေးနဲ့ တူတူမကစားပေးနိုင်ဘူး "

Bad Puppy Where stories live. Discover now