Ep(26)(Unicode)

685 40 10
                                    

မနက်နိုးလာတော့ ယံလေးက ထုံးစံအတိုင်း အစောကြိးနိုးပြီး ကျွန်တော့်ကို အိပ်ယာလာနှိုးတယ်

"နေကောင်းသွားပြီလားယံလေး "

"ဟုတ်ကောင်းသွားပြီ ကိုကို"

"အင်း ကိုယ် ယံလေးကို ခနလောက်ဖက်လို့ရမလား"
ပြောလည်းပြော ရုတ်တရပ် ဖက်လိုက်မိတာကြောင့် ယံလေးက မတုန်မလှုပ်ပဲ ကျောက်ရုပ်လေးလို ဖစ်နေတယ်
သေချာအောင် လုပ်ချင်လို့ပါ
မေလေးကို ဖက်လိုက်ရင် ရင်မခုန်တော့တဲ့ နှလုံးသားက ယံလေးကို ဖက်လိုက်တော့ တဒုတ်ဒတ်နဲ့  အပြင်ကလူ ကြားမတတ် ခုန်နေတယ်
ကျွန်တော် ယံလေးကို ချစ်မိနေပြီထင်တယ်

"ကိုကို လွှတ်တော့လေ အလုပ်နောက်ကျနေမယ် "

"အင်းပါ ကိုယ်ရေသွားချိုးလိုက်အုန်းမယ်နော် "

ကိုကိုရေချိုးခန်းထဲ၀င်သွားတော့ ကျွန်တော့်ရင်ဘတ်ပေါ်လက်တင်လိုက်တယ် နှလုံးခုန်နှုန်းတွေ တအားမြန်နေတာပဲ 
အရင်လိုသာဆို ကိုကိုဖက်တာခံရရင် ပျော်မိမှာသေချာပေမဲ့ အခုတော့ ငါဘာလို့မပျော်တာလဲ

*******

"ယံလေး ကိုယ် ဒီနေ့ အပြန်လာမကြိုဖစ်ဘူးနော် ကားယူသွားလိုက်နော် "

"ဟုတ်ကိုကို "
ယံလေး ဒီနေ့ကိုကို့နောက်ကို လိုက်ချောင်းဖို့ဆုံးဖြတ်လိုက်တယ်
ကိုကိုထွက်သွားပြီးတာနဲ့ ယံလေးလည်း ကိုကို့နောက်က လိုက်ဖို့ပြင်လိုက်တယ်
ယံလေးကားက ပြိုင်ကား‌ဖစ်တာကြောင့် က်ုကိုရိပ်မိမယ်ဆိုတာ သိလို့ လမ်းတစ်၀က်မှာ ကားရပ်ခဲ့ပြိး Taxiနဲ့သွားဖို့ပြင်လိုက်တယ်
ကိုကို့ကားက ကော်ဖီဆိုင်တစ်ဆိုင်မှာ ရပ်သွားတယ်
ယံလေးလည်း  Taxiကိုရပ်ခိုင်းလိုက်ပြီး ကိုကို့နောက်ကို လိုက်သွားခဲ့တယ်

ကိုကိုနဲ့ နောက်ကျောပေးထိုင်လိုက်ပြီး ကိုကိုဘယ်သူ့က်ုစောင့်နေတာလဲဆိုတာကို သိချင်နေမိခဲ့တယ်
ယံလေးက ဦးထုပ်စောင်းထားပြိး မနက်က အက်ျကို ပြန်လဲထားတာကြောင့် နေမင်းဆက် သတိမထားမိခဲ့ဘူး
ခနကြာတော့ မမက ကော်ဖီဆိုင်ထဲ၀င်လာခဲ့တယ်

"မမ "
တိုးတိုးလေးရေရွတ်ရင်း မဟုတ်ပါစေနဲ့ဆုတောင်းနေမိခဲ့ပေမဲ့ မမက ကိုကို့ဘေးကို ၀င်ထိုင်ခဲ့တယ်

Bad Puppy Where stories live. Discover now