"သားဆက် မင်းညီလေးကတော့ သိရဲ့အတိုင်းကွယ် စိတ်ဆိုးနေတုံးပဲ ""ဟုတ်လား သားပြန်လာမှချော့လိုက်ပါ့မယ် မာမီ"
"အေးကွယ် သေချာလေးချော့နော် ကလေးကသားကို သိပ်တွယ်တာ တာ သားလည်းသိရဲ့သားနဲ့"
"ဟုတ် ယံလေးအတွက် သား သူကြိုက်တဲ့အရုပ်တွေ ၀ယ်လာပါသေးတယ် ကလေးဆိုတော့ အရုပ်တွေမုန့်တွေနဲ့ချော့ရမယ် "
"ဟား ဟား မာမီ့သားက ယံလေးအကြောင်းသိတယ်ပေါ့"
"သိတာပေါ့ မာမီရဲ့ယံလေးက သားချော့တာစောင့်နေတာ"
"အေးပါကွယ် မေမေ ထမင်းစားလိုက်အုံးမယ် သားလည်းလုပ်စရာရှိတာလုပ်နော်"
"ဟုတ် မာမီ"
Call endလေးဖြစ်သွားတာနဲ့ နေမင်းဆက် ယံလေးအကြောင်းကို စဉ်းစားမိသွားတယ်
ယံလေးက သူ့ကိုတော်တော်ချစ်တာပဲဆိုတာတော့ လက်ခံမိတယ်
သူ့ကြောင့် ပျော်တယ် ဒါတွေကို နားလည်ပေမဲ့
ယံလေးရဲ့ ခံစားချက်တွေက သူ့အပေါ်မူတည်နေတာကိုမကြိုက်ဘူး
တစ်ချိန် ကိုယ့်ဘ၀ကိုယ် လျှောက်ရတော့မယ်ဆိုရင် ယံလေး လျှောက်နိုင်ပါ့မလား
သူကလည်း ယံလေးကြောင့် အခက်အခဲဖြစ်သွားမလား
ဘာကြောင့်မှန်းမသိတဲ့ပူပန်မှုတွေကြောင့် ပါးစပ်ထဲကလေပူတွေက်ု တစ်ချက်မှုတ်ထုတ်လိုက်ပြီး သူငယ်ချင်းတွေနဲ့ တွေ့ဖို့ ပြင်ဆင်လိုက်တော့တယ်****
ဒီတစ်ပတ်ဆို သူပြန်လာတော့မယ်ဆိုတဲ့ စကားကြောင့် ယံလေး ရင်တွေတုန်နေမိတယ်
သူ့ကိုမတွေ့ရတာ တစ်နှစ် ရှိပြီ
သူဘယ်လိုပုံမျိုးဖြစ်နေမလဲအိပ်ယာထက်မှာ အတွေးပေါင်းစုံ နယ်ချဲ့နေတာကြောင့် ယံလေး တော်တော်နဲ့ အိပ်လို့မရခဲ့ဘူး
****
မနက်ခင်းရောင်ခြည်လေးက ကောင်းကင်မှာဖြာထွက်နေတယ်
မိသားစုနှစ်စုက ပျော်ရွှင်စွာ ရယ်မောရင်း
ကလေးတွေကတော့လက်ဆောင်ထုပ်တွေကို ဖောက်ကြည့်ပြီး ပျော်ရွှင်နေကြတယ်"သားဆက် ပြောတော့ ဒီစနေမှပြန်ရောက်မယ်ဆို
ဘယ်လိုဖြစ်လို့ အစောကြီးပြန်လာတာတုန်း"
![](https://img.wattpad.com/cover/285787023-288-k130152.jpg)
YOU ARE READING
Bad Puppy