Ep(23)(Zawgyi)

286 8 0
                                    

Time skip

Sunday ~~~

"ကိုကို ထမင်းဘူး မယူသွားတော့ဘူးလား"

" အင်း ကိုယ် ဒီနေ့လည် ဆေးရုံအုပ်နဲ့လည်းတွေ့မှာဆိုတော့ မယူသွားတော့ဘူး "

"အော အင်းပါ ဒါဆို ကိုကို နေ့လည်စာတော့ စားဖြစ်အောင်စားနော် "

"အင်း စားမယ်နော် စောစောပြန်လာခဲ့မယ်"

"ဟုတ်ကိုကို ....ဒါနဲ့ .."
ယံလေးဆက်ပြောဖို့ လုပ်နေတုန်း ကိုကိုက ကားပေါ်တက်သွားတာကြောင့် ကိုယ့်ဘာသာတိုးတိုးလေးပဲ ပြောလိုက်မိတယ်
" ဒီနေ့ ခန့်နဲ့ချိန်းထားတယ်ဆိုတာတောင် မပြောလိုက်ရဘူး"

ကိုကိုက ငါ့ကိစ္စတွေမှစိတ်မ၀င်စားတာ မပြောလိုက်မိတာပဲကောင်းပါတယ်

ခန့်နဲ့ချိန်းထားတာကြောင့် ယံလေးလည်း အခန်းထဲတန်းဝင် ရေမိုးချိုးပြီး ချိန်းတဲ့နေရာကို ထွက်လာလိုက်တယ်
ချိန်းတဲ့နေရာကတခြားတော့မဟုတ်
ထိုင်နေကြ ကော်ဖီဆိုင်ပေါ့
ရှေးဟောင်းဆန်ဆန် Decoration လုပ်ထားတဲ့ဆိုင်လေးပေါ့ ယံလေးရဲ့ Fav place လို့ပြောလို့ရတယ်
ဒီနေရာကို ခန့်ကလွဲပြိး တစ်ခြားသူကို မခေါ်လာဖူးဘူး ကိုကို့ကိုတောင်မခေါ်လာဖူးဘူး
နံရံနဲ့ကပ်ရပ် ဒေါင့်‌ဝိုင်းလေးမှာ ထိုင်လိုက်ပြီး
သောက်နေကြ ကော်ဖီတစ်ခွက်ပဲမှာလိုက်တယ်
နံရံမှာ အမှတ်တရစာလေးတွေ ရေးလို့ရတော့ ယံလေး ဒီနံရံလေးမှာ ရေးနေကြဖစ်တဲ့ စာလေးတစ်ကြောင်းကို ရေးလိုက်တယ် အဲ့ဒါကတော့ .....

" အခုနဲ့ဆို ရေးတာ ၉၅ခေါက်ရှိပြီနော် "
ကော်ဖီလာချတဲ့ ကောင်မလေးက စိတ်မကောင်းတဲ့မျက်နှာနဲ့ ပြောနေတော့ ကျွန်တော်ပြုံးပြလိုက်ပြီး

" ကျွန်တော်အဆင်ပြေပါတယ် ဒီအတိုင်းအဲ့စာလေးက်ု သဘောကျလို့ရေးတာပါ"
ရေးထားတဲ့စာလေးကို ပြန်ကြည့်လိုက်ရင်း ကိုယ့်ဘာသာအဖြေပြန်‌ဖြေလိုက်တယ်
အခုထိလည်း ကျွန်တော်က ကိုကို့အချစ်နဲ့မထိုက်တတ်သေးပါဘူး

"ဒီစာပဲရေးနေတယ် "

"အော ခန့်လာပြီလား "

" မင်းကတော့လေ တခြားစာလေးပြောင်းရေးပါလား နံရံတစ်ခုလုံး မင်းစာတွေကြီးပဲ "

Bad Puppy Where stories live. Discover now