Ep(6)(Zawgyi)

349 14 0
                                    

"ဖေဖေ တို့ကော ယံတို့ကို ဘာဆုချမှာလဲ"

"ပြောစေဗျာ ဘာဝယ်ပေးရမလဲ"

"ဟိး ပြိုင်ကားလိုချင်တယ်"

"မေလည်းလိုချင်တယ် "

"သားကောပဲ "

"ဟားဟား ဟုတ်ပါပီ ဖေဖေတို့ဝယ်ပေးမယ် တခုတော့ရှိတယ် အရှိန်အများကြီးနဲ့မမောင်းပါဘူး ကတိပေးရမယ်"

"ဟုတ် ကတိပေးမယ် "
ယံကောမေကောခန့်‌ကော ၃ယောက်လုံး ၃သံ တစ်ပြိုင်နက်ထွက်ကာ ကတိပေးလိုက်ကြတယ်

*****

အမှတ်စာရင်းထုတ်ရင်း ကားဝယ်ပေးမယ်ဆိုတာကြောင့် ယံလေးကော မေလေးကော ခန့်လေးကော ဖင်တကြွကြွဖြစ်နေခဲ့တယ်
သူတို့၃ယောက်လုံး ပြိုင်ကားလေးကို သိပ်မောင်းချင်နေကြတယ်

"Wow..."

အမှတ်စာရင်းတွေထွက်လာတော့ ၃ယောက်လုံးက အမှတ်၅၀၀ကျော်နေတာမို့
မိဘများကလည်း အံ့ဩနေကြတယ်
ယံလေးနဲ့မေလေးအတွက် မအံ့ဩပေမဲ့
ခန့်ကိုတော့ အံ့ဩမိတယ်
ခန့်က အထက်တန်းရောက်မှ စာကြိုးစားလာပြီး ၄ဘာသာပဲထွက်တော့ အမှတ်၅၀၀ကျော်မယ်လို့ကိုမထင်ခဲ့တာကြောင့်ပါ

"ယံလေး ဘာတတ်မှာလဲ"

"ယံလေးက ဆေးကျောင်းတက်မှာ ကိုကို့နားမှာနေချင်လို့"
ယံလေးကတော့ငယ်ငယ်တည်းက ကိုကိုဆရာဝန်လုပ်တာမို့သူပါဆရာဝန်လုပ်မယ်ဆိုပြိး အမြဲပြောနေခဲ့တာ

"မေလေးကော "

"မေလေးက အင်ဂျင်နီယာလုပ်ချင်တယ် "

"အာ့ဆို ယံ‌လေးကိုအိမ်ဆောက်ပေးနော် "

"ဆောက်ပေးမှာပေါ့ ယံလေးရယ် "

"သားခန့်ကကော "

"သားက ဆရာဝန်လုပ်မှာ မေလေးနေမကောင်းရင် ဆေးကုပေးမလို့ "

" ဟားဟား "
မေလေးက ကျွန်တော့်အချစ်ဦးပါ
ကျွန်တော် သိပ်ချစ်ရတဲ့လူပေါ့

မေလေးကကော ကိုကြိးနဲ့ ကျွန်တော်ကို ဘယ်သူ့ကိုရွေးချယ်မှာလဲ

*****
နှစ်ပတ်ခန့်ကြာသော်

"မေလေး ငါပြောထားတာ မှတ်မိသေးလား "
နေမင်းခန့်လည်း မေလေးအိမ်လာရင်း အိမ်ရှေ့က ဒန်းလေးမှာ မေလေးထိုင်နေတာတွေ့တာနဲ့အခွင့်အကောင်းယူပြီး ရည်းစားစကားပြောဖို့
သွားလိုက်တယ်

Bad Puppy Where stories live. Discover now