Ep(22)(Unicode)

600 31 4
                                    

ယံလေးကတော့ ကျွန်တော့်အတွက် မနက်တိုင်းနှိုးပေးတဲ့ နှိုးစက်လေးလိုပေါ့
ကျွန်တော် သတိထားအိပ်စရာမလိုတော့အောင်
သူကအမြဲ စောစောထပြိး ကျွန်တော့်ကိုနှိုးပေးတယ်
မနက်စာလည်း အမြဲလိုလို လုပ်ပေးတယ်
စောစောသွားရတဲ့နေ့တွေဆို မနက်စာကောနေ့လည်စာကော ပြင်ပေးပြီးအလုပ်ကိုထည့်ပေးလိုက်တယ်
ယံလေးကျေးဇူးကြောင့် မနက်စာလည်း ပုံမှန်စားဖစ်သလ်ု နေ့လည်စာလည်း ပုံမှန်စားဖစ်တယ်

"ကိုကို ဒီတစ်ပတ် Sundayအားလား "

"အင်း အားတယ်လေ"

"ဒါဆို ယံလေးတို့ မေမေတို့ဆီသွားရအောင် ယံလေးမေမေတို့ကို လွမ်းလို့"

"အင်း သွားကြမယ်လေ ကိုယ်လည်း မတွေ့ရတာ ကြာတော့ သွားကြမယ်နော် "

"ဒါဆို မေမေတို့ကို ဒီတစ်ပတ်လာမယ် ပြောထားလိုက်မယ်နော် "

"ဟုတ်ပါပြီဗျာ"

"စောစောပြန်လာနော်  ယံလေးကိုကိုကြိုက်တာတွေ ချက်ထားမယ်"

"ဟုတ်ကဲ့ စောစောပြန်လာပါ့မယ်ဗျ"
ယံလေးက သိပ်မချက်တတ်ပေမဲ့ အရင်ထပ်ပိုပြိးစားကောင်းလာတယ်
သူ့လက်ရာကို ကျွန်တော်စွဲသွားပြီလို့တောင်ပြောလို့ရတယ်

*Ph Ringtone*
"ဟဲလို "

" ကိုကြီး "

" မေလေး ခရီးကပြန်ရောက်ပြီလား "

"အင်း အခုလေဆိပ်ရောက်နေပြီ ကိုကြီး အားရင်လာကြိုပါလား"

" ဘယ်လိုလုပ်ရမလဲ ကိုယ် ၉နာရီကျရင် ခွဲစိတ်ဖို့လူနာတစ်ယောက်ရှိတယ် မေလေးရဲ့ "

"ကိုကြီးကလည်း အခုမှ ၇နာရီခွဲပဲရှိသေးတာကို "

"ဒါမဲ့ ခွဲမစိတ်ခင် နာရီ၀က်လောက် ကြိုပြီးပြင်ဆင်စရာရှိတာပြင်ဆင်ရတာ မေလေးကားငှားပြန်ခဲ့ပါလား "

"ကိုကြီးကလည်း မိန်းကလေးတစ်ယောက်တည်းကို ကားငှားပြန်ခိုင်းရလား မရဘူးကိုကြီးလာကြို"

"မေလေးရယ် ကိုယ်တကယ် အချိန်မရှိတော့လို့ပါ "

"ဟင့်အင်း မရဘူးလာကြို ဒါပဲ"
မေလေးအကျင့်ကိုသိတာကြောင့် မလာမချင်းစောင့်နေမှာသိတယ် မဖြစ်သေးပါဘူး ဆေးရုံသွားတဲ့လမ်းကြောင်းကနေ ပြန်ကွေ့ပြီး လေဆိပ်ကိုအမြန်မောင်းရတော့တယ်

Bad Puppy Where stories live. Discover now