"မေလေး ကိုယ့်ကိုချစ်လား"
"ချစ်တာပေါ့ ကိုကြီးရယ်"
ကိုယ်အမြဲချစ်နေခဲ့ရတဲ့ကောင်မလေးက ကိုယ့်ပခုံးကို မှီပြီး ကိုယ့်ကိုချစ်တယ် ပြောတာကြားလိုက်ရတော့ နေမင်းဆက် အရမ်းပျော်သွားတယ်
ဒီကောင်မလေးက ကျွန်တော့်အချစ်ဦးပါ"ယံလေးသိသွားရင် မေဘယ်လိုလုပ်မယ်စဉ်းစားထားလဲ"
"အင်း မသိဘူး ကိုကြီး"
"ကိုယ်ယံလေးကို ပြောပြလိုက်ရမလား"
"ဟာ မဖြစ်ဘူး ကိုကြီး "
ယံလေးက ကိုကြီးနဲ့ပတ်သတ်ရင် မရဘူဆိုတာ ကိုကြီးမသိပေမဲ့မေက အသိဆုံး ကိုကြီးUKပြန်သွားတုံး တစ်ပတ်လောက် အိပ်ယာထဲလဲသွားတာ ဒီကိစ္စသာသိရင် ယံလေး စိတ်မကောင်းဖစ်သွားမှာ"ကိုယ်ကနောက်တာပါ မေရယ် ကိုယ်က မေ့ကိုပဲချစ်နေမှာမို့ တခြားအရာအားလုံးက မေလေးသဘောအတိုင်း "
"ဟီး ကိုကြီးက ချစ်ဖို့ကောင်းလိုက်တာ"
ပျော်ရွှင်စွာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေတဲ့ လူသား၂ယောက်ကတော့
ပန်းရုံနောက်မှာ ရောက်နေတဲ့ လူကို မမြင်ခဲ့ပါ****
"ဟျောင့် ငါပြန်တော့မယ် ကိုကိုပြန်ရောက်နေပီဆိုတော့ ငါအကြာကြီးမဆော့ချင်တော့ဘူး"
"အေးပါကွာ မင်းကလည်း ဘယ်ချိန်တော်မလဲမသိတဲ့ယောက်ျားကို သိပ်ချစ်နေလိုက်တာ "
သူငယ်တန်းထဲက မမရယ် ခန့်ရယ် ၂ယောက်တည်းနဲ့ ပေါင်းလာပေမဲ့ အလယ်တန်းရောက်တော့ မင်းသူပါ သူတို့အဖွဲ့ထဲရောက်လာတယ်
မင်းသူကတော့ အခင်ဆုံးလို့ပြောရလောက်အောင် ကိစ္စအားလုံးတိုင်ပင်ဖစ်တယ်
အဓိကက ကိုကို့အကြောင်းပေါ့"မင်းကမချစ်ဖူးသေးလို့ပါကွာ "
"ဟားဟား တကယ်မနိုင်ဘူး ယံယံရေ "
အိမ်ကိုတန်းမ၀င်ပဲ ကိုကို့အိမ်ကိုပဲ အရင်ဝင်မယ်လုပ်ထားတာဖြစ်လို့ ကိုကိုကြိုက်တဲ့မုန့်လေး ၀ယ်သွားမယ်စိတ်ကူးမိတာကြောင့် ကော်ဖီဆိုင်ကိုသွားလိုက်တယ်
ကိုကိုကြိုက်တဲ့ ကော်ဖီရယ် မုန့်ရယ်ကို မှာလိုက်ပြီး ပိုက်ဆံရှင်းကာ ဆိုင်အပြင်ကိုထွက်လာခဲ့တယ်
![](https://img.wattpad.com/cover/285787023-288-k130152.jpg)
YOU ARE READING
Bad Puppy