Day (3)
ဒီနေ့ကတော့ ယံလေးအတွက် ရေဆော့ကစားမြဲပဲပေါ့
" ကိုကိုရေ ....."
" ဗျာ ..."
"လာလေ တူတူဆော့မယ် "
ပင်လယ်ကမ်းခြေကြီးကို ကျောခိုင်းပြီး ကျွန်တော့်ကို လက်ယက်ခေါ်နေတဲ့ ယံလေး
"လာပြီ လာပြီ "
"ဟိဟိ ကိုကို့ကိုရေနဲ့ပက်မယ်.."
"မလုပ်ရဘူးလေ "
"ရဘူး ပက်မှာပဲ ...."
ရေအတင်းပက်နေတဲ့ ယံလေးက်ု ပွေ့ချီပီး ဒူးလောက် ထိ ရှိတဲ့ ရေနားသွားလိုက်ပြိး ပစ်ချလိုက်တယ်
အဲ့မှာ မျက်စောင်းတစ်ထိုးထိုးနဲ့ ကျွန်တော့်ကိုစိတ်ကောက်သွားတော့တာပဲ
"ယံလေး ...""ယံလေးလို့..."
"ဘာလဲ"
" ဘာဖစ်သွားသေးလဲ"
"ဘာမှမဖစ်ဘူး"
" ဟားဟား သူများကိုလုပ်တုံးကတော့ကောင်းတယ် သူ့ပြန်လုပ်တော့ ကောက်ချိတ်သွားတယ်ပေါ့လေ"
"အဲ့တော့ ဘာဖစ်လဲ "
"ဟားဟား မနိုင်စိန်လေး လာစမ်း ထပ် ပစ်ချပစ်မယ် "
"ဟားဟား ကိုကိုမလုပ်နဲ့ ......"
ပတ်ဝန်းကျင်ကို မေ့သွားတဲ့အလား ကျွန်တော်နဲ့ယံလေး ကမ်းခြေပေါ်မှာ ပတ်ပြေးခဲ့ကြတယ်
ထိုမြင်ကွင်းကို ကြည့်ပြီး ဒေါသထွက်နေသူကတော့ မေလေးပေါ့
*တောက်*
"ယံလေး နင်က ငါပိုင်ဆိုင်သမျှအကုန်ယူနေတာပဲ အခုလည်း ကိုကြီးကိုယူသွားပြီ""နင့်ကိုဘယ်တော့မှမကျေဘူး ဒီနေ့ နင်ပျော်သလို နောက်နေ့ကစပြိး နင် အမြဲငိုနေစေရမယ် "
********
ယံလေးနဲ့ကျွန်တော် ရေကစားပီးတော့ နေ့လည်စာစားဖို့ သွားမယ်လုပ်ခါနီး အမောင်မင်းသားက ထွက်မစားချင်တော့ဘူးဆိုတာနဲ့ အခန်းထဲကို လာပဲပို့ခိုင်းလိုက်တော့တယ်
ယံလေး စားနေတာကိုကြည့်ရင်း မေလေးနဲ့အမွှာဆိုပြီး တစ်ချို့အရာတွေက ကွဲပြားတယ်
အစားစားပုံတွေ မေလေးက အစားစားရင် ဖြည်းဖြည်းနဲ့ ငြင်ငြင်သာသာစားတယ်
ယံလေးကတော့ အနောက်က ကျားလိုက်လာတဲ့အလား အကုန်ပါးစပ်ထဲထိုးထည့်ပစ်တော့တာပဲ
YOU ARE READING
Bad Puppy