နေမင်းဆက် ခွင့်လေး ၂ပတ် ယူပြီး လာခဲ့တာဖြစ်လို့ ၂ပတ်ပြည့်ပြီး ပြန်ရတော့မှာမို့ မိသားစု၂စုလုံးက လိုက်ပို့ကြတယ်
"ကိုကို ဘယ်ချိန်ပြန်လာမှာတုန်း "
ယံလေး ကျွန်တော့်ကို ကိုကိုလို့ပြန်ခေါ်ပီ
တခါတလေ သူ့အခေါ်လေးတွေက တော်တော်တော့နားထဲချိုတယ်"ကိုကြီး ခွင့်ရတာနဲ့ပြန်လာမယ်နော် ယံလေး "
"ဟုတ် ယံစောင့်နေမယ်နော် ကိုကို"
ကလေးတစ်ယောက်လို မျက်ရည်တွေကျပြိး တရှုံ့ရှုံ့ ငိုနေတဲ့ ကလေးကြောင့် ကျွန်တော်လည်း စိတ်မကောင်းဖြစ်သွားတယ်
မေလေးကတော့ စိတ်ဓါတ်ခိုင်မာတဲ့ ကလေးတစ်ယောက်ဖစ်သလို အရမ်းနားလည်တတ်တဲ့ကလေးပေါ့
"ကိုကြီး မေလေးတို့စောင့်နေမယ်နော် ကိုကြီးဂရုစိုက်နော်""အင်း ကိုကြီး မေလေးတို့ကို သတိရနေမယ်နော် "
အင်းသတိရနေမိမှာပါ မေလေးကိုတော့ ပိုသတိရနေမှာပါ
"ယံလေး ကိုကို့ကိုလွှတ်လိုက်တော့လေ သားလေး "
ယံလေးဖေဖေက လာခေါ်တော့မှ ယံလေးလည်း ကိုကို့ကို ဖက်ထားတာ လွှတ်လိုက်တော့တယ်ကိုကိုနဲ့ခွဲရတာ ယံ လေးအတွက် ၀မ်းနည်းဖို့အကောင်းဆုံး အရာပင်ဖစ်တယ်ဆိုတာ
ယံလေး နေမင်းဆက် ပြန်သွားတာနဲ့ တစ်ပတ်တိတိ နေမကောင်းဖြစ်သွားတာကပဲ သက်သေပြနေတယ်***
ကိုကို နဲ့မတွေ့ရတာ ၅နှစ် ကျော် ရှိပြီ
တစ်နှစ်ကို အရင်က၂ပတ်လောက်ပြန်လာပေမဲ့
အလုပ်တွေရှုပ်လာတဲ့အခါ တစ်နှစ်တစ်ခေါက်တောင်ပြန်မလာတော့ဘူး
ယံလေးနဲ့ မေလေး နဲ့ နေမင်းခန့်တို့က ၁၀တန်းဖြေထားတယ်
ကိုကြီးနှိုင်းမင်းထက်ကတော့ ၁၀တန်းကိုအမှတ်ကောင်းကောင်းနဲ့အောင်ပေမဲ့ စီးပွားရေး မေဂျာ ယူထားတယ် ဖေဖေ့လို စီးပွားလေးလုပ်ချင်တယ်ဆိုတာကြောင့်ပေါ့"ကိုကို ယံလေးတို့ဆီဘယ်ချိန်ပြန်လာမှာတုန်း"
"ယံလေး ဘာသာစုံဂုဏ်ထူးထွက်ရင် ကိုကို ဘာဆုချမှာတုန်း ""ဖြေးဖြေးပြောပါ ယံလေးရယ်
ကိုကြီးက နောက်တစ်ပတ်ပြန်လာဖစ်လောက်မယ်
ယံလေး ဘာသာစုံထွက်ရင် ယံလေးဖြစ်ချင်တာမှန်သမျှ ကိုကြိးဖြည့်ဆည်းပေးမယ်ဟုတ်ပီလား"
YOU ARE READING
Bad Puppy