တစ်ပတ်ကြာမျှ အေးချမ်းစွာ အိပ်စက်နေတဲ့ ယံလေးကြောင့် မေလေးလည်း တငိုငို တရီရီနဲ့ ဖြစ်နေခဲ့ရှာတယ်
သူ့ကြောင့် သူမောင်လေးဒီလိုဖြစ်တာပါဆိုပြီး
အမြဲပြောပြီးငိုနေတဲ့ သမီးကြောင့် နှိုင်းသခင်လည်း ဘာလုပ်ရမလဲမသိ ယံလေးကလည်း သတိမရသေး ဘာလို့သတိမရသေးလဲ ဆိုတာ ကတော့ ဆေးပညာအရ ကြည့်ရင် အကုန်ကောင်းနေတာေကြာင့် ကာယံကံရှင်ကိုယ်တိုင်က မနိုးထချင်တာလို့ပဲ သတ်မှတ်ရမယ်ထင်တယ်" မေမေ ယံလေးနဲ့ ကိုကြီး လက်ထပ်ဖို့ကို သဘောတူလိုက်ပါလား မေမေရယ်"
" မေလေး "
"မေလေးက ယံလေးနောက်မှ ကိုကြီးကိုချစ်ခဲ့တာပါ ယံလေးက ကိုကြီးကို မေလေးထပ်ပိုချစ်မှာ ကိုကြီး အကြိုက်တွေလည်း ယံလေးက ပိုသိတယ် ကိုကြီး အပြုအမူတွေကိုလည်း ယံလေးက အကုန်နားလည်တယ် တကယ်တော့ မေလေးက ကြား၀င်မိတာပါ အဲ့ဒါကြောင့် အခူလိုယံလေး ဖြစ်ရတာ ဟင့် မေလေးတောင်းပန်ပါတယ် မေမေ"
"မဟုတ်တာ မေလေးရယ် ယံလေးက ကလေးမို့ မလုပ်သင့်တာ လုပ်မိတာပါ ပြန်သတိရလာတော့မှာပါ မေလေးရယ်"
"မေမေ သဘောတူပေးပါနော် မေမေသာ သဘောတူရင် ယံလေး နိုးလာရင်နိုးလာမှာ နော် မေမေ"
"မေလေး အဲ့လောက်တောင် ယံလေးကိုချစ်တာလား မေလေးကိုကြီးကကော "
"ကိုကြီးကိုလည်းချစ်ပါတယ် ဒါပေမဲ့ ယံလေးနဲ့ ယှဉ်ရွေးရမယ်ဆိုရင် မေလေး ယံလေးကိုပဲရွေးမှာ ယံလေးက မေလေးအတွက် အဖိုးတန်ဆုံးအရာပါ မေလေးအနားမှာအမြဲရှိနေပေးတယ် မေလေး တခုခုဖြစ်ရင် ရှေ့ဆုံးက ကာကွယ်ပေးတယ် ယံလေးကို အဆုံးရှုံးချင်ဘူး မေမေ"
"မေလေးရယ် သမိးဒီလိုဆုံးဖြတ်ရင်တောင် သားဆက်က လက်ခံပါ့မလား "
"မေလေးပြောပေးမယ်လေနော် ကိုကြီးလက်ခံအောင် နော်မေမေ"
"ဟူးးး အင်းပါ သမီးရယ် မေမေ သဘောတူလိုက်ပါ့မယ် "
"တကယ်နော်မေမေ "
"အင်း "
မေမေ့အသံကို ကြားထဲက မေလေးသိပါတယ်
မေမေ သဘောမတူချင်ပဲ တူရတာ
မေလေးလည်း ကိုကြီးကို ချစ်ပါတယ် ဒါကြောင့်လည်း ကိုကြီးကို မေလေးထပ် ပိုချစ်ပေးမဲ့ ယံလေးလက်ထပ်ထည့်လိုက်တာပါ ကိုကြီး မုန်းရင်လည်း မေလေးကိုကြီးအမုန်းတွေကိုခံနိုင်ပါတယ်
မေလေး တောင်းပန်ပါတယ် ကိုကြီး
![](https://img.wattpad.com/cover/285787023-288-k130152.jpg)
YOU ARE READING
Bad Puppy