Ep(19)(Unicode)

659 35 8
                                        

"နှိုင်းမင်းထက်ဆိုတာ မင်းလား"

"ဟုတ်ပါတယ်အကို ကျွန်တော်ပါ "

"ဒါဆို မင်း ကွန်ပြူတာနဲ့ပတ်သတ်တာ အခြေ‌ခံလောက်တော့သိမှာပါ "

"ဟုတ်ကဲ့ သိပါတယ် ခင်ဗျ "

"ဒါဆို ဒီမှာမင်းနေရာ စာအရင်ထိုင်ရိုက်နေလိုက် ပြီးမှ မင်းလုပ်ရမှာတွေကို သင်ပေးမယ်"

"ဟုတ်ကဲ့အကို ဒါနဲ့ အကို့နာမည်က "

"အကို့နာမည်က သု၀မင်းမောင် ဒီက မန်နေဂျာ "

"အောဟုတ်ကဲ့ "

ပြောပြီးတာနဲ့ လှည့်ထွက်သွားတဲ့ မန်နေဂျာဆိုသူကို တစ်ချက်ကြည့်လိုက်မိတယ်
ချစ်ဖို့တော့ကောင်းသား သေးသေးလေးနဲ့ပုပုလုံးလူံးလေး အရမ်းကြိးမပုပေမဲ့ ကျွန်တော့်ထက်တော့ပုတယ်

"ဒီက အလုပ်သင် နှိုင်းမင်းထက်ဆိုတာလား"

"ဟုတ်ပါတယ် ခင်ဗျာ "

"ကျွန်မနာမည် မိုးစက်ကဗျာပါ ကဗျာလို့ခေါ်လို့ရပါတယ် ကျွန်မကလည်းအလုပ်သင်ပါ "

"အော တွေ့ရတာ၀မ်းသာပါတယ် ကျွန်တော်ကလည်းအလုပ်သင်ဆိုတော့ နောက် လိုအပ်တာရှိရင် အတူတူ ဖေးမကူညီကြတာပေါ့"

"ဟုတ်ကဲ့ ရှင့် "
ပိတ်ရက်၂လကို အကျိုးရှိအောင် အလုပ်လုပ်မယ် စဉ်းစားထားတာကြောင့်  အဖေရဲ့ လုပ်ငန်းမှာ ၀င်မလုပ်ချင်‌ေတာ့ တခြား အလုပ်သင်ခေါ်တဲ့ ကုမ္ပဏီမှာ အလုပ်လာလုပ်ခြင်းဖြစ်ပါတယ်

"ကဲ ကဲ အလုပ်သင်တွေ ဒီကိုခနလာကြပါအုန်း "

"အားလုံးပဲ သူတို့က အလုပ်သင်ဖြစ်လို့ သေချာကူညီပြီးသင်ပေးလိုက်ကြနော် စိတ်ရှည်ပေးကြနော် အကို့နာမည်က မြတ်မင်း"

"ဟုတ်ကဲ့"

"ညီတို့လည်း စီနီယာတွေကို သေချာ ဆက်ဆံနော် ပြီးတော့ မန်နေဂျာကိုသိပြီးကြပြီလား"

"ဟုတ်သိပြီးပါပြီ "
ကျွန်တော့်တစ်ယောက်တည်းဆိက အသံထွက်လာတော့ အားလုံးက အံ့ဩသွားကြတယ်

"မန်နေဂျာ ဘာပြောလိုက်သေးလဲ"

"ဘာမှမပြောပါဘူး ကျွန်တော့်ကို အရင်စာရိုက်ထားဖို့ပြောထားတယ် "

Bad Puppy Where stories live. Discover now