Ep(3)(Unicode)

738 49 0
                                    

"ယံလေး ယံလေး အဆင့်တစ်ရတယ်ကိုကို

"ဟုတ်လား အာ့ဆို ယံလေးဖြစ်ချင်တာပြောလေ ကိုကြီး ဖြည့်ဆည်းပေးမယ် "

"တကယ်လား"

"အင်းတကယ်ပေါ့ "

"ဒါမဲ့ သိမ်းထားမယ် အခုယံလေးဘာမှမလိုချင်သေးဘူး လိုချင်တဲ့အချိန်ကျမှ ပြောမယ် ရလား"

"ရတာပေါ့ ယံလေးရယ် "

ခေါင်းလေးကို ဖွလိုက်တာနဲ့ Auto သွားလေးဖြဲပြီးပြုံးပြတဲ့ ယံလေးက တော်တော်ချစ်ဖို့ကောင်းပါတယ်
ဒါမဲ့ မေလေးကိုမမှီဘူး

******

"မေလေး ငါနင့်ကိုသဘောကျတယ် ငါ့ကိုပြန်ချစ်ပေးပါလား "

မေလေးကို ချစ်ခွင့်ပန်နေတဲ့လူကတော့ နေမင်းခန့်ပါ
မေလေးနဲ့ ကျောင်းတူတူတက် တူတူပြန် ကြရင်း အနေနီးစပ်ပြီး သဘောကျခဲ့တယ်ဆိုရမလား
မေလေးကို တကယ် သဘောကျခဲ့တာပါ

"ဟင်း ငါတို့က ငယ်သေးတယ် ၁၀တန်းပြီးမှ ဆက်ပြောကြမယ် "

"အင်းပါ ငါမေလေးကို စောင့်နေမယ် "

"‌ပြီးတာပဲ "

ရင်ခုန်ခြင်း သဘောကျခြင်း ဆိုတာဘာမှမသိတဲ့မေလေးအတွက် ရည်းစားထားခြင်းကမကောင်းဘူးဆိုတာတော့ မေမေ ပြောပြထားလို့ သိထားတာဖြစ်တယ် ဒါကြောင့်လည်း အချိန်တစ်ခုထိ တွန်းပို့လိုက်တာပါ

*****

အရင်ဘ၀က ကောင်းတာတွေပဲလုပ်ခဲ့သလား အောက်မေ့ရအောင် အရာရာပြည့်စုံပြီး လူတိုင်းချစ်ခြင်းကို ခံနေရတဲ့ ယံလေးအတွက်တော့ နေ့တိုင်းဟာ ပျော်ရွှင်စရာနေ့တွေပါပဲ
ဒါပေမဲ့ ဒီနေ့တော့မပါခဲ့ပါဘူး

"ယံလေး အိပ်နေလား မေမေ၀င်ခဲ့မယ်နော်"

တံခါးလေးဖွင့်လိုက်ပြီး အိပ်ယာပေါ်လှမ်းကြည့်လိုက်တော့ စောင်ခေါင်းမူးခြုံထားတဲ့ သားငယ်လေးကိုတွေ့လိုက်တော့ ဒီကလေးငိုနေပြန်ပြီဆိုပြီး တွေးလိုက်တယ်

"ယံလေး ယံလေးကိုကိုကခနပဲသွားမှာလေ "

"..."

ပြန်ဖြေသံမကြားရပေမဲ့ တစ်ချက်တစ်ချက်တုန်တုန်သွားတဲ့ ခန္ဓာကိုယ်လေးကြောင့် ယံလေးမအိပ်ဘူးဆိုတာ သိလိုက်တယ်
ဒါနဲ့ နှိုင်းသခင်လည်း ဆက်ပြောလိုက်တယ်

Bad Puppy Where stories live. Discover now