Ep(16)(Unicode)

593 32 1
                                        

" ဟင့် ကိုကို စပ်တယ် နာနာက ...."
ကလေးလိုမျိုး အော်ငိုနေတဲ့ယံလေးကြောင့် ဆေးထည့်ပေးနေတဲ့ ကျွန်တော်လည်း ထရီမိတော့တယ်

"ဟားဟား ကလေးကျနေတာပဲ "

"ကလေးပဲ ကိုကိုကလည်းဖြည်းဖြည်းလုပ် မှုတ်ပေးလေ"

"ဟုတ်ပါပြီ အရှင်သခင်လေးရယ် ကျွန်တော်မျိုး မှုတ်ပေးပါ့မယ် "
အနာလေးတွေကိုဆေးထည့်လိုက် မှုတ်ပေးလိုက်နဲ့ ဗျာ များနေတဲ့ကျွန်တော် ဟိုကလေးကတော့ ပြုံးပြီး ပျော်နေတာပဲ

"ကဲ ပြီးပြီ ဒီနေ့ ယံလေးရေချိုးရမယ်နော် မနေ့ကလည်းရေမချိုးဖစ်ဘူး မဟုတ်ရင် အပူတွေအောင်းပြီး ဖျားမယ် "

"ရေချိုးရင် အနာတွေ ရေထိကုန်မှာပေါ့  အနာတွေရေထိကုန်ရင် ပိုပြီးအနာရင်းသွားမှာပေါ့ အနာရင်းသွားပြီး မပျောက်တော့ရင် ယံလေး ခြေထောက်ဖြတ်ခံရရင် ဘယ်လိုလုပ်မလဲ"

ယံလေးပြောကာမှ ဆရာ၀န်ဖစ်တဲ့ကျွန်တော်တောင် ဘာပြောရမလဲမသိတော့ဘူး တွေးလည်းတွေးတတ်ပါ့

"ကဲ ဒီက ဆရာ၀န်ကိုယ်တိုင်ချိုးပေးမှာ အဲ့တော့ ခြေထောက်လည်းအဖြတ်မခံရစေဘူး ဘာမှအဖြတ်မခံရစေဘူး ဟုတ်ပြီလား"

"ကိုကိုချိုးပေးလည်း ရေထိပြီး ....."

" ရေချိုး‌တော့မှကြည့်တော့ သခင်လေးရေ ခင်ဗျားခြေထောက်လေး ရေတစ်စက်မထိစေရဘူး"

"ဟိဟိ ပီးရော "

*ဒေါက် ဒေါက် *

"ကိုယ်သွားဖွင့်လိုက်မယ် "

"အော သားဆက် "

"ဒေါ်ကြီးစိုးပြောလေ "

"သားယံလေးရဲ့ အမ မေလေး ရောက်နေလို့ "

"မမရောက်နေတာလား ကိုကို မမကို အပေါ်ထပ် ခေါ်လာပေး ယံလေးတွေ့ချင်တယ် "

"ဟုတ်ပါပြီ ခေါ်လာပေးပါ့မယ်ခင်ဗျ"

ခနကြာတော့ မေလေး ယံလေးဆီကိုပြေးပြီးရောက်လာတယ်

"ယံလေး ခြေထောက်ဘယ်လိုနေသေးလဲ"

"ခြေထောက်က နာနေသေးတယ် ဟင့် မမ"

ကလေးလေးလို မရှိမဲ့ရှိမဲ့ မျက်ရည်ကို အတင်းညှစ်ထုတ်ပြီး ‌ငိုပြနေတဲ့ ငချွဲကောင်လေးကြောင့် ကျွန်တော်လည်း သူတို့၂ယောက်ကို အခန်းထဲမှာ ထားခဲ့ပြီး ယံလေးစားဖို့ မုန့်သွားပြင်လိုက်တော့တယ်

Bad Puppy Where stories live. Discover now