Ep(5)(Unicode)

678 40 0
                                    

နေမင်းဆက် ခွင့်လေး ၂ပတ် ယူပြီး လာခဲ့တာဖြစ်လို့ ၂ပတ်ပြည့်ပြီး ပြန်ရတော့မှာမို့ မိသားစု၂စုလုံးက လိုက်ပို့ကြတယ်

"ကိုကို ဘယ်ချိန်ပြန်လာမှာတုန်း "
ယံလေး ကျွန်တော့်ကို ကိုကိုလို့ပြန်ခေါ်ပီ
တခါတလေ သူ့အခေါ်လေးတွေက တော်တော်တော့နားထဲချိုတယ်

"ကိုကြီး ခွင့်ရတာနဲ့ပြန်လာမယ်နော် ယံလေး "

"ဟုတ် ယံစောင့်နေမယ်နော် ကိုကို"

ကလေးတစ်ယောက်လို မျက်ရည်တွေကျပြိး တရှုံ့ရှုံ့ ငိုနေတဲ့ ကလေးကြောင့် ကျွန်တော်လည်း စိတ်မကောင်းဖြစ်သွားတယ်

မေလေးကတော့ စိတ်ဓါတ်ခိုင်မာတဲ့ ကလေးတစ်ယောက်ဖစ်သလို အရမ်းနားလည်တတ်တဲ့ကလေးပေါ့
"ကိုကြီး မေလေးတို့စောင့်နေမယ်နော် ကိုကြီးဂရုစိုက်နော်"

"အင်း ကိုကြီး မေလေးတို့ကို သတိရနေမယ်နော် "

အင်းသတိရနေမိမှာပါ မေလေးကိုတော့ ပိုသတိရနေမှာပါ

"ယံလေး ကိုကို့ကိုလွှတ်လိုက်တော့လေ သားလေး "
ယံလေးဖေဖေက လာခေါ်တော့မှ ယံလေးလည်း ကိုကို့ကို ဖက်ထားတာ လွှတ်လိုက်တော့တယ်

ကိုကိုနဲ့ခွဲရတာ ယံ လေးအတွက် ၀မ်းနည်းဖို့အကောင်းဆုံး အရာပင်ဖစ်တယ်ဆိုတာ
ယံလေး နေမင်းဆက် ပြန်သွားတာနဲ့ တစ်ပတ်တိတိ နေမကောင်းဖြစ်သွားတာကပဲ သက်သေပြနေတယ်

***

ကိုကို နဲ့မတွေ့ရတာ ၅နှစ်‌ ကျော် ရှိပြီ
တစ်နှစ်ကို အရင်က၂ပတ်လောက်ပြန်လာပေမဲ့
အလုပ်တွေရှုပ်လာတဲ့အခါ တစ်နှစ်တစ်ခေါက်တောင်ပြန်မလာတော့ဘူး
ယံလေးနဲ့‌ မေလေး နဲ့ နေမင်းခန့်တို့က ၁၀တန်းဖြေထားတယ်
ကိုကြီးနှိုင်းမင်းထက်ကတော့ ‌၁၀တန်းကိုအမှတ်ကောင်းကောင်းနဲ့အောင်ပေမဲ့ စီးပွားရေး မေဂျာ ယူထားတယ် ဖေဖေ့လို စီးပွားလေးလုပ်ချင်တယ်ဆိုတာကြောင့်ပေါ့

"ကိုကို ယံလေးတို့ဆီဘယ်ချိန်ပြန်လာမှာတုန်း"
"ယံလေး ဘာသာစုံဂုဏ်ထူးထွက်ရင် ကိုကို ဘာဆုချမှာတုန်း "

"ဖြေးဖြေးပြောပါ ယံလေးရယ်
ကိုကြီးက နောက်တစ်ပတ်ပြန်လာဖစ်လောက်မယ်
ယံလေး ဘာသာစုံထွက်ရင် ယံလေးဖြစ်ချင်တာမှန်သမျှ ကိုကြိးဖြည့်ဆည်းပေးမယ်ဟုတ်ပီလား"

Bad Puppy Where stories live. Discover now