"ဖေဖေ တို့ကော ယံတို့ကို ဘာဆုချမှာလဲ"
"ပြောစေဗျာ ဘာ၀ယ်ပေးရမလဲ"
"ဟိး ပြိုင်ကားလိုချင်တယ်"
"မေလည်းလိုချင်တယ် "
"သားကောပဲ "
"ဟားဟား ဟုတ်ပါပီ ဖေဖေတို့၀ယ်ပေးမယ် တခုတော့ရှိတယ် အရှိန်အများကြီးနဲ့မမောင်းပါဘူး ကတိပေးရမယ်"
"ဟုတ် ကတိပေးမယ် "
ယံကောမေကောခန့်ေကာ ၃ယောက်လုံး ၃သံ တစ်ပြိုင်နက်ထွက်ကာ ကတိပေးလိုက်ကြတယ်*****
အမှတ်စာရင်းထုတ်ရင်း ကား၀ယ်ပေးမယ်ဆိုတာကြောင့် ယံလေးကော မေလေးကော ခန့်လေးကော ဖင်တကြွကြွဖြစ်နေခဲ့တယ်
သူတို့၃ယောက်လုံး ပြိုင်ကားလေးကို သိပ်မောင်းချင်နေကြတယ်"Wow..."
အမှတ်စာရင်းတွေထွက်လာတော့ ၃ယောက်လုံးက အမှတ်၅၀၀ကျော်နေတာမို့
မိဘများကလည်း အံ့ဩနေကြတယ်
ယံလေးနဲ့မေလေးအတွက် မအံ့ဩပေမဲ့
ခန့်ကိုတော့ အံ့ဩမိတယ်
ခန့်က အထက်တန်းရောက်မှ စာကြိုးစားလာပြီး ၄ဘာသာပဲထွက်တော့ အမှတ်၅၀၀ကျော်မယ်လို့ကိုမထင်ခဲ့တာကြောင့်ပါ"ယံလေး ဘာတတ်မှာလဲ"
"ယံလေးက ဆေးကျောင်းတက်မှာ ကိုကို့နားမှာနေချင်လို့"
ယံလေးကတော့ငယ်ငယ်တည်းက ကိုကိုဆရာ၀န်လုပ်တာမို့သူပါဆရာ၀န်လုပ်မယ်ဆိုပြိး အမြဲပြောနေခဲ့တာ"မေလေးကော "
"မေလေးက အင်ဂျင်နီယာလုပ်ချင်တယ် "
"အာ့ဆို ယံလေးကိုအိမ်ဆောက်ပေးနော် "
"ဆောက်ပေးမှာပေါ့ ယံလေးရယ် "
"သားခန့်ကကော "
"သားက ဆရာ၀န်လုပ်မှာ မေလေးနေမကောင်းရင် ဆေးကုပေးမလို့ "
" ဟားဟား "
မေလေးက ကျွန်တော့်အချစ်ဦးပါ
ကျွန်တော် သိပ်ချစ်ရတဲ့လူပေါ့မေလေးကကော ကိုကြိးနဲ့ ကျွန်တော်ကို ဘယ်သူ့ကိုရွေးချယ်မှာလဲ
*****
နှစ်ပတ်ခန့်ကြာသော်"မေလေး ငါပြောထားတာ မှတ်မိသေးလား "
နေမင်းခန့်လည်း မေလေးအိမ်လာရင်း အိမ်ရှေ့က ဒန်းလေးမှာ မေလေးထိုင်နေတာတွေ့တာနဲ့အခွင့်အကောင်းယူပြီး ရည်းစားစကားပြောဖို့
သွားလိုက်တယ်
YOU ARE READING
Bad Puppy