" ကိုကို မန်မန်စားကြမယ်"
"အင်း ယံလေး "
"ဒီနေ့ကိုကိုကြိုက်တဲ့ ၀က်နံရိုးကို ကျောက်ဖရုံနဲ့ ဟင်းချိုချက်ထားတယ် ၀က်နံရိုးလည်းကြော်ထားတယ် "
"ဟာ ယံလေးက ကိုကို့အကြိုက်တွေပဲနေ့တိုင်းချက်နေတော့ ကိုယ့်မှာ ပေါင်ချိန်တွေ တက်ကုန်ပြီ"
"ဟီး ဟုတ်ပါ့ ကိုကို့ရဲ့အက်ျတွေမတော်တော့ဘူးမလား"
"ဟုတ်တယ် ကိုယ်အက်ျသွားဝယ်ရတော့မယ် "
"အင်း"
ရုတ်တရက် တိတ်ဆိတ်ပြီး ဘာမှဆက်မပြောတော့တဲ့ ယံလေးကြောင့် နေမင်းဆက်လည်း နောက်တစ်ခွန်းထပ်မေးလိုက်တယ်"ကိုယ်နဲ့ လိုက်ခဲ့မလား "
" လိုက်လို့ရလား"
"အင်းရတာပေါ့"
"ဟီး အဲ့ဒါဆို လိုက်ခဲ့မယ် "
ဘာမှမတောင်းဆိုတဲ့ ကလေးကို ဒီတစ်ခါတော့ မလိုလိုက်သင့်တယ် ထင်ပါတယ် သူလည်း လိုအပ်တာတွေ ၀ယ်ဖို့အတွက် ခေါ်သွားရမှာပေါ့"ဒါဆို မနက်ဖန်ကိုယ် စောစောပြန်လာမယ် ယံလေးအဆင်သင့်လုပ်ထားလိုက်နော် ညစာမချက်ထားနဲ့တော့ အပြင်မှာစားကြမယ် "
"ဟုတ်ကိုကို "
မတောင်းပဲရလာတဲ့ အခွင့်အရေးမို့ ယံလေးသိပ်ပျော်မိတယ်
ကိုကိုက ယူပြီးထဲကအပြင်သိပ်မထွက်ဖစ်ဘူး
ကိုကို့ကိုလည်း မပူဆာမိသလို ပူဆာလိုက်ရင် ကိုကိုစိတ်ညစ်သွားမှာကို စိုးရိမ်တယ်
ယံလေးအချစ်ကို ခံရတာ ကိုကို့ကို စိတ်မညစ်စေချင်ဘူး
ပေးဆပ်ခြင်းနဲ့ပဲချစ်မှာဖြစ်လို့ ကျွန်တော့်ကို ပြန်မချစ်ပေးနိုင်ရင်တောင် အနားမှာ နေခွင့်လေးပေးရင် ကျေနပ်ပါပီ********
ကိုကိုနဲ့အပြင်သွားရမှာမို့ နည်းနည်းတော့စိတ်လှုပ်ရှားမိတယ်
ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး ကိုကိုပြန်လာတာစောင့်နေလိုက်တယ်*တီ တီ*
ကားဟွန်းသံကြားလိုက်တော့ ယံလေးလည်း အိမ်ရှေ့မှာ ထွက်စောင့်နေလိုက်တယ်" ကိုကို ပြန်လာပြီလား "
"အင်း ယံလေးက အဆင်သင့်ဖြစ်နေပြီပဲ "
YOU ARE READING
Bad Puppy