Ep(12)(Unicode)

530 34 4
                                    

ဒီနေ့ညကဘာညလဲ သိကြတယ်ဟုတ် 😝
******

ယံလေး ရေမိုးချိုးဖို့ အခန်းထဲကို ၀င်လာခဲ့တယ်
ကိုကိုကတော့ အိပ်ယာပေါ်မှာ စာအုပ်ဖတ်နေတယ်

ယံလေးလည်း ရေချိုးရင်လဲဖို့အ၀တ်တွေ တစ်ခါတည်းယူသွားပြီး ရေချိုးခန်းထဲ၀င်သွားလိုက်တော့တယ်

ခနကြာတော့ ယံလေးလည်းရေချိုးပြီးတော့ထွက်လာတော့ ကိုကိုက အိပ်နေပီ
ကိုကို့ဘေးမှာ အသာလေး ၀င်လှဲပြီး ကိုကို့ကို သေချာ ကြည့်မိတယ်

"အရမ်းချောတာပဲ မျက်ခုံးလေးတွေက နက်ပြီး
နှုတ်ခမ်းလေးက ယံလေးထက်တောင်လှသေးတယ် ဟွန့် မနာလိုလိုက်တာ "

"အိပ်စရာရှိတာအိပ် နားညည်းတယ် "

"အယ် ကိုကိုနိုးနေတာလား ဟီး ယံလေးက မသိလိုက်လို့ ဒါနဲ့ကိုကို ..."

"အင်း "

"ဒီညက မဂ်လာဦးညလေ"

"အဲ့တော့ "

"အဲ့ဒါ"

"ဘာလဲ ငါက မင်းကို မဂ်လာဦးပေးရမှာလား"

ကိုကို့ရဲ့စူးရှတဲ့အကြည့်တစ်ချက်နဲ့အတူ ကိုကို့ရဲ့တစ်ကိုယ်လုံးက ယံလေးပေါ်က်ု အုပ်မိုးလိုက်တယ်

" ယံလေး မင်းသဘောမပေါက်သေးဘူးလား
မဂ်လာဦးညဆိုတာ ချစ်တဲ့သူ၂ယောက် လက်ထပ်မှ အဲ့ဒါက အဓိပ္ပာယ်ရှိတာ "

"......"

"မင်းကို ငါကညီလေးလိုချစ်ခဲ့တာ အခုဆို အဲ့‌လိုတောင် စိတ်ထဲမရှိတော့ဘူး အဲ့ဒါကလည်းမင်းရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့်ပဲ"

"......"

"အိပ်တော့ မနက်ဖန် ခရီးသွားရမှာ "

ပြောပြီးတာနဲ့ ဟိုဘက်လှည့်သွားတဲ့ကိုကို
ကိုကို့စကားတွေက အရမ်းခံစားရတာပဲ
တစ်ဆစ်ဆစ်နဲ့ နာကျင်လာတယ်
ကြိုသိထားတဲ့ အကြောင်းအရာဆိုပေမဲ့ လက်တွေ့ ပြောခံရတော့ မခံစားနိုင်ဘူးဖစ်နေတယ် ကိုကိုရာ

ယံလေး ကိုကို့ဘေးကနေ ထွက်သွားပြီး အခန်းမိးကိုပိတ်ကာ အခန်းထဲကထွက်လာခဲ့တယ်

ကိုကိုကလိုက်လည်းမလာခဲ့သလို ဘယ်သွားမလို့လဲလို့လဲ‌ေတာင် မမေးခဲ့ပါဘူး

Bad Puppy Where stories live. Discover now