သူ့နှုတ်ခမ်းများကို ရှောင်ဖယ်သွားသည့် နှုတ်ခမ်းပိစိလေးကြောင့် သူ့အနမ်းတို့က ကလေးပေါက်၏ လည်တိုင်ဆီသို့ ညွှတ်ကျသွားခဲ့ရပါသည်။
''ကျွန်တော်မကြိုက်ဘူး Kim Jongin...!!''
ချစ်ရသူရဲ့ ခံစားချက်ကို သူလိုက်နာလေးစားရမည်။
သူ့ခံစားချက်တို့အား ထိန်းချုပ်လိုက်ပြီးနောက် ယိုယွင်းသွားသည့် အဝတ်အစားတို့ကို ကြည့်ကောင်းအောင် ဆွဲချလိုက်ပါသည်။
''sorry...! မင်းနဲ့ပတ်သက်လာရင် ကိုယ့်ရဲ့ခံစားချက်တွေ ထိန်းချုပ်ရခက်လို့ပါ...''
''အဟင်း...! ခင်များရော မနေ့ညက အဆင်ပြေလားKim Jongin..! ဥစ္စာရူးပြီး ဥစ္စာခြောက်နေရတာနဲ့ အိပ်လို့ရောရရဲ့လား...''
''အဟား..! မင်းက ကိုယ့်အကြောင်းအကုန်သိနေရဲ့သားနဲ့ Hunnieရယ်...''
''ဒီခရီးမှာ Kyungsooကိုခေါ်လာလို့ တော်သေးတာပေါ့...''
''အွန်း...''
မသေချာသေးတဲ့ အခြေအနေတစ်ခုအတွက် အီလည်လည်အဖြေတစ်ခုသာ သူပေးနိုင်ခဲ့ပါသည်။
ဘာလဲ...
မနေ့ညက သူနဲ့Do Kyungsoo ဘာတွေဖစ်ခဲ့တာလဲ...
°~°~°~°~°~°~°~°~°~°~°~°~°~°~
အချိန်ကြာမြင့်စွာ ရေစိမ်ချိုးမိနေပြီးနောက် ခန္ဓာကိုယ်ပေါ်၌ စွဲကပ်နေသည့် အညိုကွက် အနီကွက်တို့ကို ကုပ်ခြစ်ကာဖယ်ရှားနေမိပါသည်။
မနေ့ညက ချောက်ကမ်းပါးစွန်းထိပ်အထိ သူနဲ့Sehunရောက်သွားခဲ့မိသည်။
''မင်း...မင်း...ဖယ်တော့ Sehun...! ငါ့မှာ သက်ဆိုင်သူရှိသလို...မင်းမှာလည်း တရားဝင်လင်ယောက်ျားနဲ့...''
အပေါ်ပိုင်းတစ်ခုလုံး Oh Sehunပေးသည့် အမှတ်အသားတို့နှင့် ပြည့်ကြပ်နေသည်။
''မလိမ်စမ်းပါနဲ့Channieရယ်...မင်းလည်း ငါ့လိုခံစားချက်တွေရှိနေတယ်မလား...''
ပိုင်သေ သေချာနေသည့်အရာတစ်ခုလို သူ့အောက်ပိုင်းအား ဆုပ်ကိုင်ဆုပ်ညှစ်ခြင်းခံလိုက်ရသည်။
''ဖယ်စမ်းSehun...! ငါ Baekhyunပေါ်မှာ သစ္စာဖောက်တဲ့သူ မဖြစ်ချင်ဘူး...''
![](https://img.wattpad.com/cover/197216090-288-k658367.jpg)