''မင်းပင်ပန်းလာတယ်ထင်တယ် နားတော့လေ...Oh Sehun...! ကိုယ်ဒီနေ့အလုပ်တွေပါလာလို့ အလုပ်ခန်းမှာပဲအိပ်ဖြစ်မယ်ထင်တယ် မင်းအနားယူပါ...''
Sehunရဲ့မျက်နှာကို မကြည့်တော့ပဲ လက်ဆွဲအိတ်နှင့် Leptopကိုဆွဲကာ တစ်ဖက်အခန်းသို့ သူကူးလာခဲ့ပါသည်။
ရည်းစားလူလု အူနုကျွဲခတ်ဆိုသည့်စကားပုံအတိုင်း မနက်ကအပြုအမူတွေအတွက် ဒီကောင်လေးကို ခွင့်မလွတ်နိုင်သေး...ဒီလောက်တော့ သူ့ဘက်က တုန့်ပြန်ခွင့်ရှိကောင်းပါရဲ့...
°~°~°~°~°~°~°~°~°~°~°~°~
''သူဌေးရဲ့ သားမက်နဲ့ အစ်ကိုလေးSehunက သိပ်ချစ်ကြတဲ့ ချစ်သူတွေပါ...''
''ဥက္ကဌParkရဲ့ စီးပွားရေး ယိုင်နဲ့လာမှုကြောင့် စီးပွားရေးလောကမှာ ဟန်မပျက်စေဖို့ သားBaekလေးနဲ့ လက်ထပ်ဖို့ကို သဘောတူလိုက်ရပြီး အစ်ကိုလေးSehunကို လမ်းခွဲလိုက်ရတာတဲ့...''
''သူတို့က သိပ်ချစ်ကြတဲ့ချစ်သူတွေလို့ ပြောကြတာပဲ... ကျွန်တော်တွေ့လာတဲ့ ဓါတ်ပုံတွေကလည်း အဲ့ဒီသတင်းကအမှန်ဆိုတာ အာမခံပေးနိုင်ပါတယ်....''
အားကိုးအားထားရသည့် လူယုံတပည့်ဆီက ဒီလောက်သတင်းသိရတယ်ဆိုရင်ပဲ လုံလောက်နေပြီ
Hunnieက သူ့ကိုလက်ထပ်ဖို့သဘောတူခဲ့တာ ဘာဖြစ်လို့လဲ
သူ့အနားမှာရှိနေရင် သားနဲ့သားမက်Parkတို့ကို အမြဲတွေ့နေရမှာ စိတ်နာကျင်စရာတွေဖြစ်နေရမှာမဟုတ်ဘူးလား...
အာ___မဟုတ်ဘူး... ဟိုနေ့ကကိစ္စ...ဟိုနေ့က
သူက ငါ့ကိုချစ်လို့လက်ထပ်တာမှမဟုတ်တာ
မဟုတ်မှလွဲရော Hunnieက Hunnieက သားမက်Parkကို....
°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~
အထိအတွေ့တို့သည် မနေ့တနေ့ကအတိုင်း ရင်ခုန်နှုန်းတွေကိုမြန်ပြီး နှလုံးသွေးတို့အား ဆူပွက်နေဆဲပင်
အသိတို့သည် ဒီလူအား မချစ်မနှစ်သက်မသက်ဆိုင်တော့ဟု အကြိမ်ကြိမ်သတိပေးငြင်းဆန်နေခဲ့ပေမဲ့ ရင်းနှီးခဲ့ဖူးသည့် အချိန်တချို့ကြောင့် သူ့သွေးသားတို့က ပိုင်ရှင်ကိုတွေ့သည့် ခွေးပေါက်လေးနှယ် ရင်းနှီးနေခဲ့ပြန်သည်။